Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်ခရိုင်အတွင်း မြို့နယ်(၆)မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်သွားမည်


22 Apr,2022

သရက်ခရိုင်အတွင်း မြို့နယ်(၆)မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်သွားမည်

သရက် ဧပြီ  ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ခြောက်မြို့နယ်ရှိ ဒေသခံ တောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ ဈေးကွက်သို့ လွယ်ကူလျှင်မြန်စွာ တင်ပို့နိုင်ရေး ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းခြောက်လမ်းကို ငွေကျပ် ၅၄၄ဒသမ၂သန်း အသုံးပြုကာ အသုံးပြုကာ ကျေးရွာ ၁၂ ရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊တံတားများဖောက်လုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက် နေတောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများကို စျေးကွက်သို့ လွယ်ကူလျှင်မြန်စွာ တင်ပို့နိုင်ရေး အတွက် ကျေးလက်ကုန်ထုတ် လမ်းများကို ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် သရက်ခရိုင်အတွင်း သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲနှင့် အောင်လံ စသည့်မြို့နယ် ခြောက်မြို့နယ်ရှိ ကျေးရွာ ခုနှစ်ရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၅၄ ဒသမ၇ သန်းဖြင့် ကျေးရွာ ၇ရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ခုနှစ်လမ်း၊ အရှည်          ၁၁ မိုင် တစ် ဖာလုံနှင့် ကုန်ထုတ်တံတားအဖြစ် Slab Culvert ၁၀ခု၊ ရေကျော် သုံးစင်း၊ ရေပြွန် ၂စင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထို့နောက် တိုင်းဒေသကြီးရန်ပုံငွေ ၁၈၉ဒသမ၅သန်းဖြင့်လည်း ခြောက်မြို့နယ်ရှိ ကျေးရွာ ငါးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်း၊ ငါး မိုင် လေးဖာလုံ၊ ကုန်ထုတ်တံတားအဖြစ် Slab Culvert ၂စင်း၊ Box Culvert တစ်စင်း၊ ရေကျော် ၄စင်း၊ ရေပြွန် သုံးစင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။

“ အခုလိုမျိုး ကျနော်တို့ ခရိုင်အတွင်းမှာ ကုန်ထုတ်လမ်း၊ တံတားတွေ ဖောက်လုပ်ပေးနေတာဆိုရင် ဒေသတွင်း စိုက်ပျိုးရေး တောင်သူတွေ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ၊  အခုလိုဖောက်လုပ်ပေးနေတာကလဲ မြို့နယ်အလိုက် ဒေသခံ တောင်သူတွေ တောင်းဆိုတဲ့အတွက်ကြောင့် လုပ်ဆောင်ပေးနေတာပါ၊ ကုန်ထုတ်လမ်း ဖောက်လုပ်တဲ့ အခါမှာ ကျောက်ရောမြေ တစ်ပေထုနဲ့ မြေနီကျောက်စရစ်ကိုးလက်မထု နှစ်လွှာခင်းပေးတာပါ၊ မြေသားလမ်းဖြစ်တဲ့အတွက် ပျက်စီးမှု နည်းအောင် သတ်မှတ်တဲ့ သိပ်သည်းထုရအောင်လည်း လုပ်ဆောင်ပေး ထားတာပါ၊ သတ်မှတ်ချက်နှင့် ကိုက်ညီပြီး တောင်သူများရဲ့ တင်ပြတောင်းဆိုမှုများကို နှစ်စဉ်ဘဏ္ဍာငွေလျာထားပြီး ဆောင်ရွက်ပေးနေပါတယ်”ဟု သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက ပြောပြသည်။

 

ကိုလှိုင်(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm