Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကိုယ်ကြီးမြှုပ်ကျေးရွာ၌ ကျောက်ရောမြေလမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


22 Apr,2022

ဧပြီ ၂၂ ရက် ၂၀၂၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်‌ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးလက်နေပြည်သူများ ရာသီမရွေးအဆင်ပြေစွာသွားလာနိုင်စေရန်ရည်ရွယ်၍ ကိုယ်ကြီးမြှုပ်ကျေးရွာ၌ ကျေးရွာတွင်းလမ်းကျောက်ရော မြေခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက် ၁၀ နာ ရီက တာဝန်ရှိသူ များမှ အဆိုပါ ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သဲကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှုး ဒေါ်လေးလေးလွင်နှင့်တာဝန် ရှိသူများက မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ ကိုယ်ကြီးမြှုပ်ကျေးရွာ တွင် အရှည်ပေ ၃၁၅၀ ၊ အကျယ် ၁၀ ပေ၊ ဒု ၉ လက်မရှိ ကျောက်ရောမြေလမ်းခင်းခြင်းလုပ် ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ကျေးရွာသူ/သားများ နှင့်တွေ့ဆုံကာ လမ်းရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ကိုယ်ကြီးမြုပ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင် ပြီး အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့်စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ အဆိုပါစီမံကိန်းရန်ပုံငွေမှအတိုးရငွေ ၏ ၅၀ ရာခိုင်နှုန်းဖြစ်သောငွေကျပ် (၁၀၀)သိန်း၊   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ /သားများကိုယ်တိုင်အကောင်ထည်ဖော်ဆောင်ရွက် ခဲ့‌ ကြောင်း မြို့နယ် ဦးစီးမှုး ဒေါ်လေးလေးလွင်က ပြောပြ ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm