Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


22 Apr,2022

ဧပြီ  ၂၁ရက် ၂၀၂၂

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များနှင့် ကျေးလက် ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းတွင် အထက်အကြီးအကဲများ၏ လမ်းညွှန်မှာ ကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဦးစီးဌာန ရုံး၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက အထက်ဌာန အဆင့်ဆင့်အကြီးအကဲများ၏ လမ်းညွှန်မှာကြား ချက်များအားလည်း‌ကောင်း၊ ဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်ဦးစီးမှူးများက မိမိတို့မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်(၆)လ ဘတ်ဂျက်ဖြင့် အကောင်အထည် ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်ဆောင်ရွက်ရန်လျာထားသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများ၊ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ တင်ပြချက်များပေါ် သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးသိန်းထိုက်ဦး၊ ဒုတိယညွှန်ကြားရေးမှူးက စီမံအုပ်ချုပ်ရေးကိစ္စများ၊ ဝန်ထမ်းရေးရာကိစ္စများနှင့်ပတ်သက်၍လည်းကောင်း၊ ဒေါ်ဝင့်ဝါဖြူ(ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ))က တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ သက်ဆိုင်ရာဌာနစိတ်အလိုက် တာဝန်ရှိသူများ က မိမိတို့ဌာနစိတ်လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပြောကြားကြရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

စိုးမိုးကျော်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm