Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းကျေးရွာရွေးချယ်ပွဲကျင်းပပြုလုပ်


22 Apr,2022

ဧပြီ ၂၂ရက် ၂၀၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ပွဲကို တာဝန်ရှိသူများအားဖိတ်ကြား၍ ဧပြီ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီက မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါ သတ်မှတ်ချက်များ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာများ၏ အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်တင်တင်စိုးနှင့် တာဝန်ရှိသူများက မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မကွေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မကွေးမြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့တို့နှင့်အတူ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသည့် ကျေးရွာများအား ဦးစီးပေးအစီအစဉ်အလိုက် ရွေးချယ်ခဲ့ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm