Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် ကျေးရွာသုံးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်းဖောက်လုပ်ပေးသွားမည်


22 Apr,2022

ဧပြီ  ၂၁ရက် ၂၀၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၈၆ ဒသမ ၂၅ ကျပ်သန်း အသုံးပြု၍ဖောက်လုပ် ပေးသွား မည်ဖြစ်ကြောင်းရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသိရသည်။

ရေနံချောင်းမြို့နယ်အတွင်းရှိ ဖရဲကျွန်းကျေးရွာ၌ ကုန်ထုတ်လမ်း သုံးဖာလုံဖောက်လုပ်ခြင်း၊ ပင်းဝကျေးရွာ၌ ကုန်ထုတ်လမ်း ခြောက်ဖာလုံဖောက်လုပ်ခြင်းနှင့် ကုန်းကန်ကျေးရွာ၌ကုန်ထုတ်လမ်း တစ်မိုင်ခြောက်ဖာလုံဖောက်လုပ်ငန်းတို့ကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၈၆ ဒမသ ၂၅ ကျပ်သန်းဖြင့် ဖောက်လုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာများအား လက်ရှိ လမ်းအခြေအနေ၊ သတ်မှတ်အတိုင်းအတာများအား ကွင်းဆင်းတိုင်းတာဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူခြင်းလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိပါကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းကပြောပြသည်။

အဆိုပါကျေးရွာသုံးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်းဖောက်လုပ်ပြီးစီးပါက ၎င်းကျေးရွာသုံးရွာအပါအဝင် လမ်းဘေးရှိ ကျေးရွာ ၁၃ ရွာတို့မှ အိမ်ခြေ ၂၁၆၇ အိမ်၊ လူဦးရေ ၈၈၈၃ ဦးတို့၏ ကျေးလက် လယ်ယာ ထုတ်ကုန်ဧက ၂၆၄၅ ကျော်တို့၏ လယ်ယာထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မှာဖြစ်သကဲ့သို့ ဒေသခံပြည်သူ များ၏ လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးများ ကောင်းမွန်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ဆက်လက်ပြောပြသည်။

စိုးမိုးကျော်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm