Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်ခရိုင်အတွင်း ကျေးရွာ ၄၉ရွာ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်


22 Apr,2022

ဧပြီ ၂၀ရက် ၂၀၂၂ နေပြည်တော်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၂ -၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၀၂၃ ဒသမ ၇၃၆ သန်း အသုံးပြုကာ ကျေးရွာ ၄၉ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများဖူလုံစွာရရှိရေးအတွက်  ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ -၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ခြောက်မြို့နယ်မှ ရှိတဲ့ ကျေးရွာပေါင်း ၄၉ရွာ၌ သောက်သုံးရေဖူလုံစွာရရှိနိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၂၆ ဒသမ၉၉၆ သန်းဖြင့် ကျေးရွာ၂၂ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ရှစ်ခု၊ မြစ်ရေတင်ခြင်းလုပ်ငန်း ငါးခု၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း သုံးခုနှင့် အခြားလုပ်ငန်း သုံးခု စုစုပေါင်း ရေရှိရေးလုပ်ငန်း ၂၂ခုတို့ဖြစ်ပါတယ်၊ ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၄၉၆ ဒသမ ၇၄ သန်းဖြင့်လည်း ကျေးရွာ ၂၇ရွာတို့၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ရှစ်ခု၊ မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်း ၁၀ခု၊ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်း လေးခုနှင့် အခြားလုပ်ငန်းငါးခု စုစုပေါင်းလုပ်ငန်း ၂၇ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သရက်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက ပြောပြ၍ သိရသည်။

“ ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ  ရှားပါးနိုင်တဲ့ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေးအလိုက်ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက် နေပါတယ်လို့ ” ခရိုင် ဦးစီးမှူး ဦးကျော်ဆန်းဌေးက ဆက်လက်ပြောပြသည်။

 ကိုလှိုင်(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm