Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို စနစ်တကျ စီမံဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ဆင်းရဲမှုလျော့နည်း ပပျောက်ရေးအတွက်သာ မက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ များစွာ အထောက်အကူပြုမည်


12 Oct,2022

၆-၁၀-၂၀၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်ပပြုလုပ်သည့် မြန်မာ့ဆန်စပါးညီလာခံ -၂၀၂၂ (Myanmar Rice Conference – 2022) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရန် အရေးကြီးသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စပါးမျိုး ၉၀ ကျော် စိုက်ပျိုးလျက် ရှိရာတွင် ပြည်တွင်းဈေးကွက်အကြိုက် စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ကျော်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် စပါးမျိုးမြောက်မြားစွာ စိုက်ပျိုးနေမည့်အစား ရေလိုအပ်ချက်နည်းပြီး ရေကြီးနစ်မြုပ်မှု ဒဏ်၊ ပိုးမွှားဒဏ် ခံနိုင်သည့်ဒေသ ရေမြေရာသီဥတုနှင့် ကိုက်ညီသော ဈေးကွက်ဝင် မျိုးကောင်း မျိုးသန့် စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပြီး ပြည်တွင်းဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးသန့်စိုက်ပျိုးသည့်ဓလေ့မှ အရည်အသွေးကောင်းသည့် မျိုးစေ့များ ဝယ်ယူသုံးစွဲ စိုက်ပျိုးနိုင်သည့် အခြေအနေရောက်ရှိနိုင်ရန်ကိုလည်း ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မျိုးစေ့ထုတ်ကုမ္ပဏီများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်လည်း ‌မျိုးကောင်းမျိုးသန့်များရွေးချယ် အသုံးပြုခြင်းနှင့် အတူ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာတို့ကို ရောနှော ရောစပ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ခြင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည်ကို အကြံပြု တိုက်တွန်းလိုပါကြောင်း။

မကြာမီ ရောက်ရှိတော့မည့် နွေစပါးရာသီအတွက် ဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူ လယ်ယာစနစ် (Contract Farming) ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကကိုကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေစီစဉ်ပေးမည်ဖြစ်ပြီး ဆန်စပါးသီးနှံအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ပေးထားပါကြောင်း၊ အဆိုပါထောက်ပံ့မှုများသည် မျိုး၊ မြေဩဇာ စသည့် သွင်းအားစုအတွက် ထောက်ပံ့မှုဖြစ်ပြီး သက်ဆိုင်သူအားလုံးက အကျိုးရှိစေရေး စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် စပါးများထွက်ရှိရန် လိုသကဲ့သို့ ထွက်ရှိလာသည့် စပါးကို ကြိတ်ခွဲရာတွင်လည်း သန့်ရှင်းပြီး အဆင့်အတန်းမီသည့် ဆန်များရရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဆန်ဈေးကွက်တွင် ဈေးနှုန်းဈေးကွက် (Price Market)နှင့် အရည်အသွေး ဈေးကွက် (Quality Market) ဟူ၍ ဈေးကွက်နှစ်မျိုးရှိရာတွင် မြန်မာနိုင်ငံ အနေဖြင့် ကြိတ်ခွဲထုတ်လုပ်မှုအပိုင်းတွင် ခေတ်မမီသည့် အတွက်ကြောင့် ရှေးယခင်ကတည်းကပင် ဈေးကောင်းမရရှိသည့် တန်းနိမ့်ဆန်များကို ဦးစားပေး တင်ပို့ခဲ့ရသည့် အခြေအနေမှ ယနေ့ကာလ တွင် အရည်အသွေး ပိုမိုကောင်းမွန်သည့် ဆန်များကို တိုးမြှင့် တင်ပို့လာနိုင်သည့် အခြေအနေကို စတင်ပြောင်းလဲ ရောက်ရှိလာသည်ကို တွေ့ရှိရပါကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေနှင့် နည်းပညာများ လိုအပ်မှု၊ မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကကဏ္ဍမှလည်း ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးမြေများကို စက်ကိရိယာများ အသုံးပြု စိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျပြုပြင် ဆောင်ရွက် ရန်လိုအပ်မှု၊ ဓာတ်မြေဩဇာများ လုံလောက်စွာ ရရှိရေးအတွက် နိုင်ငံတော် အစိုးရမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးတောင်သူများ အနေဖြင့်လည်း မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် ဇီဝမြေဩများကဲ့သို့သော သဘာဝ မြေဩဇာများကို အသုံးပြုဆောင်ရွက်ရန် လိုအပ်မှု၊ စိုက်ပျိုးရေနှင့် အောင်ရေများ လုံလောက်စွာ ရရှိရေးအတွက် မြစ်ရေတင် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မှု၊ ဆန်စပါးများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်များသို့ ရောင်းချနိုင်ရေး ဈေးကွက် ရှာဖွေခြင်းနှင့် ဈေးကွက် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မှု၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးပံ့ပိုး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝံ့ ရှင်းလင်းပြောကြားသည်။

-၁၀-၂၀၂၂ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm