Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စားသောက်ကုန် ၊ လူသုံးကုန် နှင့် အလှကုန် ထုတ်လုပ်မှု နည်းပညာ ( TOT ) သင်တန်းဆင်းပွဲ ကျင်းပ


13 Sep,2022

နေပြည်တော် စက်တင်ဘာ ၁၃

သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကွပ်ကဲမှု​အောက်ရှိတိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများဖွင့်လှစ်သင်​ကြားပေးသည့်စားသောက် ကုန် ၊ လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာ ( TOT ) သင်တန်းဆင်းပွဲကို ယနေ့ညနေ ၃ နာရီအချိန်က အဆိုပါ ဦးစီးဌာနရှိIncubation Center၌ ကျင်းပသည်။

အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းမှာ ပို့ချပေးခဲ့သည့် နည်းပညာသင်တန်းများမှာ တန်ဖိုးမြှင့်စားသောက်ကုန် ၊ လူသုံးကုန် နှင့် အလှကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်း ဖြစ်ကြောင်း၊ လက်တွေ့ လုပ်ငန်းခွင်တွင်အသုံးချနိုင်အောင် သင်တန်းမှ စာတွေ့ ၃၀ ရာခိုင်နှုန်း ၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း၊ စားသောက်ကုန်သင်တန်းများတွင် သဘာဝသစ်သီးယိုနှင့်သစ်သီးခြောက် အမျိုးမျိုး ထုတ်လုပ်ခြင်း ၊ သဘာဝသီးနှံဖျော်ရည်အမျိုးမျိုး၊ ဝိုင်ထုတ်လုပ်ခြင်း၊ ကိတ်မုန့်အမျိုးမျိုးထုတ်လုပ်ခြင်းနည်းပညာ များအပြင် ဘေးကန္တရာယ်ကင်းသော အစားအစာတာရှည် ထိန်းသိမ်းနည်းများ၊ အစားအစာထုတ်လုပ်ရာတွင် လိုက်နာရမည့် ကောင်းမွန်သော ကုန်ထုတ်လုပ်မှု ကျင့်စဉ် ( Good Manufacturing Practice - GMP )နှင့် သန့်ရှင်းမှုကျင့်စဉ် ( Good Hygiene Practice - GHP ) နည်းစနစ် များအကြောင်း တို့ကို ထည့်သွင်းသင်ကြားပို့ချခဲ့သည့်အတွက် အန္တရာယ်ကင်းသော စားသောက်ကုန်ထုတ်လုပ်မှု နည်းစနစ်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းဆင်းများသည် မိမိတို့၏ သက်ဆိုင်ရာဒေသများမှတောင်းဆိုချက်အရ ယခုလိုနည်းပညာသင်တန်းများ လက်ဆင့်ကမ်းဖြန့်ဝေပေး ရမည်ဖြစ်၍ ဆက်လက်ပြီး လေ့ကျင့်ကြရန် မှာကြားလိုပါကြောင်း၊ သင်တန်းကသင်ကြားပေးလိုက်သည့် နည်းပညာများအပြင် ထပ်မံပြီး မိမိတို့ဒေသထွက်ကုန်နှင့် လိုက်လျောညီထွေဖြစ်မည့် နည်းပညာများဖြန့်ဝေပေးနိုင်ရန် စဉ်ဆက်မပြတ်လေ့လာပြီး စမ်းသပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းလှုပ်ရှားမှု Video Clip ပြသခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm