Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သင်တန်းသားခေါ်ယူမှုအတွက် သတင်းစာတွင်ကြော်ငြာခဲ့မှုပုံစံ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမတက္ကသိုလ်/ကောလိပ်များနှင့် ယွန်းပညာကောလိပ် ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

၁။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် သမဝါယမတက္ကသိုလ်/ ကောလိပ်များနှင့် ယွန်း ပညာကောလိပ်တွင် အောက်ပါသင်တန်းများ ဖွင့်လှစ်ပါမည် -

(က) သမဝါယမတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တို့မှ ပေးအပ်မည့် ဘွဲ့များမှာ -
(၁) B.BSc (Regional Development)
(၂) B.BSc (Accounting and Finance)
(၃) B.BSc (Applied Statistics)
(၄) B.BSc (Marketing Management)
(၅) B.BSc (Social Enterprise Management )
(ခ) သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တို့မှပေးအပ်မည့် ဒီပလိုမာများမှာ
(၁) Diploma in Social Enterprise Management (Dip. S.E.M)
(၂) Diploma in Business Management (Dip. B.M)
(၃) Diploma in Banking, Finance and Insurance (Dip. B.F.I)
(၄) Diploma in Regional Development (Dip. R.D)
(၅) Diploma in Financial Management (Dip. F.M)
(၆) Diploma in Business Accounting (Dip. B.Acct)
(၇) Diploma in Marketing Management (Dip. M.M)
(၈) Diploma in Applied Statistics (Dip. A.S)

၂။ ဘွဲ့အတွက်သင်တန်းကာလမှာ(၄)နှစ်စီဖြစ်ပြီး ဒီပလိုမာများအတွက် သင်တန်း ကာလ မှာ (၂)နှစ်စီဖြစ်ပါသည်။

၃။ အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်သူ (မည်သည့်ဘာသာတွဲဖြင့်မဆို) ဖြစ်ရမည်။

၄။ သမဝါယမတက္ကသိုလ်/ ကောလိပ်အသီးသီးသို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်/ကောလိပ်အလိုက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် အပေါ်မူတည်၍ ရမှတ်အများအနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။

၅။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည် -
(က) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မိတ္တူ (သို့မဟုတ်) အောင်ကြောင်း ထောက်ခံစာ မူရင်း
(ခ) အမှတ်စာရင်းမူရင်း

၆။ လျှောက်လွှာနှင့် လမ်းညွှန်များကို သမဝါယမဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး)၊ တိုင်းဒေသကြီး/ပြည်နယ်/ မြို့နယ်သမဝါယမဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနများ၊ သမဝါယမတက္ကသိုလ်/ကောလိပ်များနှင့် ယွန်းပညာကောလိပ်တို့တွင် ဝယ်ယူ လျှောက်ထားနိုင်ပြီး လျှောက်လွှာပိတ်ရက်မှာ (၃၀-၉-၂၀၂၁) ရက်နေ့ဖြစ်ပါသည်။ အသေးစိတ် သိလိုသော အချက်အလက်များကို ၀၆၇ - ၃၄၁၀၃၄၃၊ ၀၆၇ - ၃၄၁၀၂၇၃၊ ၀၅၆ - ၂၃၂၅၆၊ ၀၇၂ - ၂၃၀၁၅၊ ၀၂ - ၄၀၅၇၁၉၆၊ ၀၁ - ၈၆၂၆၀၇၄၊ ၀၆၁ - ၆၀၂၆၇ များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

သမဝါယမတက္ကသိုလ်/ကောလိပ်များ၏ ပထမနှစ်ဝင်ခွင့်လျှောက်လွှာပုံစံ


သမဝါယမကောလိပ် (ဖောင်ကြီး) စာသင်ဆောင်ပုံ

သမဝါယမတက္ကသိုလ်(ဖောင်ကြီး) ယုဝတီအဆောင်ပုံ

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm