Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

သမဝါယမကောလိပ်(ဖောင်ကြီး)၏နောက်ခံသမိုင်းအကျဉ်း

          သမဝါယမကောလိပ်(ဖောင်ကြီး)သည် ၁၉၆၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကမ္ဘာအေးစေတီ ဘုရားပရဝုဏ်အတွင်း၌ စတင်အခြေတည်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်အဆင့်ရှိ သမဝါယမအရာရှိကြီးများ အတွက် မွမ်းမံသင်တန်းပို့ချသော ဗဟိုသမဝါယမသင်တန်းကျောင်းအဖြစ် တည်ရှိခဲ့ပါသည်။  ၁၉၇၄ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်လမ်း၊ ခြောက်မိုင်ခွဲသို့လည်းကောင်း၊ ၁၉၈၃ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဖောင်ကြီးသို့လည်းကောင်း ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၉၄ခုနှစ်၊ ဇွန်လ(၂၀) ရက်နေ့တွင် ဗဟိုသမဝါယမသင်တန်းကျောင်းမှ ဗဟိုသမဝါယမကောလိပ်အဖြစ် အဆင့်မြှင့်တင် ခဲ့ပြီး၊ ၂၀၀၄ခုနှစ်၊ ဇွန်လ(၁၅) ရက်နေ့တွင် ဗဟိုသမဝါယမကောလိပ်ကို သမဝါယမကောလိပ် (ဖောင်ကြီး)အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။ ယခု ၂၀၂၄ခုနှစ်ထိ (၃၀)နှစ်တိုင်အောင် နိုင်ငံ၏လူမှု စီးပွားဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများတွင် ထိရောက်စွာ ပါဝင်နိုင်သည့်  သမဝါယမစီးပွားရေး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်