(၁) |
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် သမဝါယမသဘောတရား၊ ကျင့်ဝတ်၊ အနှစ်သာရနှင့် သမဝါယမအခြေခံမူများနှင့် အညီ ကူညီဆောင်ရွက်ပေးမည်။ |
(၂) |
သမဝါယမအသင်းသစ်များအား သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း မှတ်ပုံတင်ပေးခြင်း၊ ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများအားလည်း ကျစ်လျစ်ခိုင်မာ စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ပေးမည်။ |
(၃) |
ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံလူတန်းစားများ၏ ဝင်ငွေရလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသေးစားအရင်းအနှီးချေးငွေအစီအစဉ် ဆောင်ရွက်ပေးမည်။ |
(၄) |
တောင်သူလယ်သမားများသို့ လယ်ယာသုံး၊ ရေလုပ်ငန်းသုံး စသည့်စက်ကိရိယာများနှင့် သွင်းအားစုများအား အရစ်ကျစနစ်ဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်။ |
(၅) |
စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်၍ လိုအပ်သည်များ ကူညီပေးခြင်း၊ ငွေကြေးပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်။ |
(၆) |
သမဝါယမအသင်းများ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတို့ကို ထိရောက်စွာဆောင်ရွက်ပေးခြင်းဖြင့်သမဝါယမအသင်းများအားစွမ်းဆောင်မှု အဆင့်မြှင့်တင် ပေးမည်။ |
(၇) |
သမဝါယမအသင်းများအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်းကျောင်း တည့်မတ်ပေးခြင်း၊ သမဝါယမကျင့်ဝတ်၊ အနှစ်သာရနှင့် အခြေခံမူတို့ကို သိရှိနားလည် စေရန် ဦးစီဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းအဆင့်ဆင့်ရှိ အမှုဆောင်များ၊ ဝန်ထမ်း များအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မည်။ |
(၈) |
သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအရင်းအနှီးငွေကြေးများအား နိုင်ငံတကာမှ အကူအညီ၊ အထောက်အပံ့နှင့် ချေးငွေများရရှိအောင်ဆောင်ရွက်မည်။ |
(၉) |
သမဝါယမအသင်းသားမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့် အတန်းမြှင့်တင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည်။ |