Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ Master of Business Administration (MBA) (Online Programme)

စီမံခန့်ခွဲမှုပညာဌာနမှ တာဝန်ယူဖွင့်လှစ်မည့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့

Master of Business Administration (MBA) (Online Programme)

၁။ ရည်ရွယ်ချက်များ

  • နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီဖွံ့ဖြိုးသောစီးပွားရေးကို ဖြစ်ထွန်းစေနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်း ဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်
  • စီမံခန့်ခွဲမှုနယ်ပယ်ရှိ လူစွမ်းအားအရင်းအမြစ်များအား စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ ဗဟုသုတများ ဖြန့်ဝေပေးနိုင်ရန်နှင့်
  • ၎င်းပညာရပ်များကို လက်တွေ့အသုံးချပြီး ပြည်တွင်း ပြည်ပစီးပွားရေးလုပ်ငန်းများတွင် အောင်မြင် သည့် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် Master of Business Administration (MBA-Online) ကို သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း)၊ စီမံခန့်ခွဲမှုပညာဌာနမှ တာဝန်ယူဦးစီးပြီး ၂၀၂၄ခုနှစ်၊ ဇွန်လ တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်

၂။ သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများ

  • စီမံခန့်ခွဲနိုင်မှုစွမ်းရည်နှင့် ဦးဆောင်နိုင်မှုစွမ်းရည်များ၊ စဉ်းစားတွေးခေါ်နိုင်မှု အရည်အသွေး များ တိုးပွားလာခြင်း၊
  • ခေတ်စနစ်အရ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခြင်း၊
  • စီးပွားရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်သည့် စွမ်းရည်များတိုးတက်လာပြီး စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ  ဖြစ်ပေါ်စေခြင်း၊
  • စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ကျင့်ဝတ်နှင့််အညီ တိုးတက်အောင်မြင်မှုကို ရယူနိုင်ခြင်း

၃။ သင်တန်းဆောင်ပုဒ်

စီးပွားရေးစီးမံခန့်ခွဲမှုဆိုင်ရာပညာရပ်များကို ကျင့်ဝတ်နှင့်အညီ လက်တွေ့အသုံးချပြီး ပြည်တွင်း ပြည်ပစီးပွားရေးလုပ်ငန်းများတွင် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာ စေရန်။

၄။ သင်တန်းဝင်ခွင့်အရည်အချင်း

သင်တန်းဝင်ခွင့် အရည်အချင်းမှာ-

(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

(ခ)   ဝန်ထမ်းဖြစ်ပါက     သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြု ကြောင်း ထောက်ခံစာ ပါရှိရမည်။

(ဂ)   သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)က ကျင်းပသည့်ဝင်ခွင့်စာမေးပွဲကို ဖြေဆို အောင်မြင်ရမည်။

(ဃ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ပြီး Zoom Application အား ကောင်းစွာအသုံးပြုနိုင်သူဖြစ်ရမည်။

၅။ သင်တန်းနှင့်ပတ်သက်သောအချက်အလက်များ

၁။   လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ၏ Original Scan Copy (မူရင်းကို Scanဖတ်ထားသောမိတ္ထူ) ကို သက်ဆိုင်ရာသင်တန်း၏ E-mail မှဖြစ်စေ (သို့မဟုတ်) စီမံခန့်ခွဲမှု ပညာဌာနသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ပေးပို့ လျှောက်ထားနိုင်ပါသည်။

(က)    ဘွဲ့လက်မှတ်

(ခ)     တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်

(ဂ)     နိုင်ငံသားစိစစ်ရေးကတ် (ရှေ့ခြမ်း၊‌နောက်ခြမ်း၂ဘက် ပါရှိရမည်။)

(ဃ)    ပညာအရည်အချင်းထောက်ခံချက် (Letter of Recommendation for Academic)

(င)     လုပ်ငန်းအတွေ့အကြုံထောက်ခံချက် (Letter of Recommendation for Work)

(စ)     ပတ်စ်ပို့ ဓာတ်ပုံ (၄)ပုံ

၆။ သင်တန်းအချိန်နှင့် ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့်အချိန်

          အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့ (နံနက် ၉ နာရီ မှ ညနေ ၅ နာရီ) အထိ ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ်ဖြစ်ပါသည်။

* ဝင်ခွင့်လျှောက်လွှာများကို နှစ်စဉ် ဇန်နဝါရီလမှ စတင်ခေါ်ယူလျက်ရှိပါသည်။

* နိုင်ငံပိုင်သတင်းစာများနှင့်တက္ကသိုလ်၏ Social Media Platforms / Websites တို့တွင် အသေးစိတ် ကြေညာပေးလျက်ရှိပါသည်။

၇။ သင်တန်းကြေး

သင်တန်းကြေးကို တစ်နှစ်လျှင် ၂၄၀,၀၀၀  ကျပ်နှုန်းဖြင့် ( ၂)နှစ်အတွက် ၄၈၀,၀၀၀ ကျပ် သတ်မှတ် ထားပါသည်။

၈။ သင်ကြားသည့်ဘာသာရပ်များ

          စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းတွင် ဘာသာရပ် Module စုစုပေါင်း(၁၈)ခု သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။ ဘာသာရပ် တစ်ခုအတွက် တစ်ပတ်လျှင် စာသင်ချိန်(၄) ချိန်၊ (၄) နာရီ၊ စုစုပေါင်း စာသင်ချိန် (၄၈) နာရီ ဖြစ်ပါသည်။ သင်ရိုးမာတိကာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

First Year                                   

First Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MBA 111

General Management

3

4

2

MBA 112

Managerial Accounting

3

4

3

MBA 113

Macroeconomics

3

4

 

 

Total

9

12

 

 

 

 

 

 

 

 

Second Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MBA 121

Marketing Management

3

4

2

MBA 122

Production & Operations Management

3

4

3

MBA 123

International Business Law

3

4

 

 

Total

9

12

 

 

 

 

 

 

 

 

 

Third Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MBA 131

Financial Management

3

4

2

MBA 132

Human Resource Management

3

4

3

MBA 133

Business Statistics

3

4

 

 

Total

9

12

Fourth Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MBA 141

Strategic Management

3

4

2

MBA 142

Entrepreneurship & Small Business Management

3

4

3

MBA 143

Management Information Systems

3

4

 

 

Total

9

12

Second Year                                                    

First Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MBA 211

Organizational Behavior

3

4

2

MBA 212

Logistic and Supply Chain Management

3

4

3

Elective

*

3

4

 

 

Total

9

12

 

Elective Courses     MBA-213 - International Business Management                                                       

(Any One)               MBA-214 - Financial Institutions and Market

                             MBA-215 - Project Management

Second Year

Second Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MBA 221

Research Methodology

3

4

2

Elective

*

3

4

3

Elective

*

3

4

 

 

Total

9

12

Elective Courses     MBA-222 - Service Marketing

(Any Two)                  MBA-223 - International Market Management                                          

                                  MBA-224 - Managerial Economics

 Second Year (Thesis)                    

Third and Fourth Quarter                                

Sr. No

Criteria

Credit Units

1

Seminar

4

2

Discussion with Supervisor

4

3

Thesis

10

 

Total

18

Viva Evaluating Marking Scheme for Master of Business Administration

Sr. No

Criteria

Marks

1

Oral Presentation

20

2

Scope & Methods

10

3

Theory/ Literature Review/ Case Study

10

4

Empirical /Case Study

10

5

Results

30

6

Evaluation

20

 

Total

100

၉။ အကဲဖြတ်ပုံစံ

The weighting of the course requirements is as follows:

(1) Assignment & Presentation       30%           

(2) Classroom Participation           10%

(3) Mid-Term Examination             20%

(4) Quarter End Examination         40%

                                                     100%

၁၀။ ဆက်သွယ်စုံစမ်းရန်

၁။       စီမံခန့်ခွဲမှုပညာဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

          Ph – 09-897752046, 072-2023023

          Viber No - 09-897752046

          E-mail - ucmsmanagement@gmail.com

၂။       သင်တန်းရေးရာဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

Ph – 09-427906170, 072-2023015

E-mail – ucmsexam22@gmail.com

Website - https://ucms.edu.mm

                         https://ucmsonlinestudy.org

 

 

 

 

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm