Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အဆင့်မြင့်ဘွဲ့လွန်ဒီပလိုမာဘွဲ့သင်တန်းDiploma in Human Resource Management (Dip- HRM)

ဝါဏိဇ္ဇဗေဒဌာန

ဝါဏိဇ္ဇဗေဒဌာနမှ တာဝန်ယူဖွင့်လှစ်မည့် အဆင့်မြင့်ဘွဲ့လွန်ဒီပလိုမာဘွဲ့သင်တန်း

လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဒီပလိုမာ

Diploma in Human Resource Management (Dip- HRM)

၁။ ရည်ရွယ်ချက်များ

  • တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက် ရာတွင် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများအား အကောင်အထည်ဖော်ရာ၌ ထိရောက်စွာ ပံ့ပိုးပေးနိုင်မည့် စီးပွားရေး လုပ်ငန်းသုံးပညာရပ်များကို နားလည်ကျွမ်းကျင် တတ်မြောက်သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန်၊
  • ဒေသဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေ ရန်၊
  • ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် Diploma in Human Resource Management (Dip- HRM) သင်တန်းကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) ဝါဏိဇ္ဇဗေဒဌာနမှ တာဝန်ယူဦးစီးပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

၂။ သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများ

  • ခေတ်စနစ်နှင့်ကိုက်ညီသော လူ့စွမ်းအားအရင်းအမြစ်များအား အရည်အချင်း စစ်ဆေး မှုနှင့် ရွေးချယ်ခေါ်ယူမှုဆိုင်ရာ ပညာရပ်များနှင့် ထိရောက်သော လူတွေ့မေးမြန်းခြင်း ဒီဇိုင်းရေးဆွဲမှု ပညာရပ်များကို နားလည်သဘောပေါက်နိုင်ခြင်း၊
  • လုပ်ငန်းတွင်း လူ့စွမ်းအားအရင်းအမြစ်များ၏ အရည်အချင်း တိုးတက်မှုဆိုင်ရာ သင်တန်းပေးခြင်းနှင့် လုပ်ရည်ကိုင်ရည် အကဲဖြတ်မှုလုပ်ငန်းစဉ်များကို လေ့လာ သိရှိပြီး လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခြင်း၊
  • လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ကို စနစ်တကျ သိရှိနားလည်ပြီး စီးပွားရေးအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများတွင် ဝန်ထမ်းရေးရာဆိုင်ရာကိစ္စ များကို စနစ်တကျ နည်းလမ်းမှန်စွာ စီမံခန့်ခွဲနိုင်သည့် အရည်အသွေးများ ရရှိစေခြင်း။

၃။ သင်တန်းဆောင်ပုဒ်

"ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေး လူ့စွမ်းအားအရင်းအမြစ်များ စီမံခန့်ခွဲပေး"

ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု့လုပ်ငန်းစဥ်များကို စနစ်တကျနည်းလမ်းမှန်စွာ စီမံခန့်ခွဲနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်ပညာရှင်များ မွေးထုတ် ပေးရန်။

၄။ သင်တန်းဝင်ခွင့်အရည်အချင်း

သင်တန်းဝင်ခွင့် အရည်အချင်းမှာ-

             (က)    အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်။

(ခ)     ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ ပါရှိရမည်။

(ဂ)     သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Zoom Application အား ကောင်းစွာအသုံးပြု နိုင်သူဖြစ်ရမည်။

 ၅။ သင်တန်းအချိန်နှင့်ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့်အချိန်

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း (ညနေ ၀၆:၀၀  နာရီမှ ညနေ ၀၈:၀၀ နာရီ) အထိ တစ်ပတ်လျှင် (၃)ရက်  Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၉)လ ဖြစ်ပါသည်။ Semester အလိုက် သင်ကြားမှုအချိန် ဇယားကို တက်ရောက်ခွင့် ရရှိသူများထံသို့  Viber သို့မဟုတ်   E-mail မှ တဆင့် ပေးပို့ပါမည်။

*ဝင်ခွင့်လျှောက်လွှာခေါ်ယူသည့်အချိန်တွင် နိုင်ငံပိုင်သတင်းစာများနှင့် တက္ကသိုလ်၏ Social Media Platforms / Websites တို့တွင် အသေးစိတ် ကြေညာပေးလျက်ရှိပါသည်။

၆။ သင်တန်းကြေး

သင်တန်းကြေးကို သင်တန်းကာလ(၉)လအတွက် ၁၅၀,၀၀၀ ကျပ် သတ်မှတ်ထားပါသည်။

သင်ကြားသည့်ဘာသာရပ်များ

  1. Organizational Behavior
  2. Introduction to HRM
  3. Recruitment, Placement and Talent Management
  4. Training and Development
  5. Compensation
  6. Enrichment Topics in Human Resource Management

၇။ သင်တန်းပုံစံ

  • သင်တန်းတွင် ဘာသာရပ်အပိုင်း (၆)ခုကို သင်ကြား ပို့ချခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း Lecture, Seminar, Case Based Lecture (CBL)/ Problem Based Lecture (PBL), Candidate’s Presentation ဖြင့် ပို့ချခြင်းနှင့် စာမေးပွဲ စစ်ဆေးခြင်းတို့ ပါဝင်ပါသည်။
  • နောက်ဆုံးနှစ်ဝက်တွင် Project Paper တစ်စောင် ရေးသားတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကျမ်းစာငယ်ရေးသားရပါမည်။

၈။ အကဲဖြတ်ပုံစံ

The weighting of the course requirements is as follows:

  1. Course ended test           50%
  2. Attendance                      20%
  3. Participation                    10%
  4. Term Paper                      20% 

               Total                          100%

၉။ ဆက်သွယ်စုံစမ်းရန်

၁။       ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

           Ph – 09-775480537, 072-2023019

           E-mail - commercedepartment23.ucms@gmail.com          

၂။       သင်တန်းရေးရာဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

          Ph – 09-427906170, 072-2023015

          E-mail – ucmsexam22@gmail.com

          Website – https://ucms.edu.mm

         https://ucmsonlinestudy.org

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm