Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသုံးချသုတေသနပညာမဟာဘွဲ့ Master of Applied Research (MAR) (online Programme)

 

စာရင်းအင်းပညာဌာန

စာရင်းအင်းပညာဌာနမှတာဝန်ယူဖွင့်လှစ်မည့် အသုံးချသုတေသနပညာမဟာဘွဲ့

Master of Applied Research (MAR) (online Programme)

၁။ ရည်ရွယ်ချက်များ

  • ယနေ့ခေတ်၏  အဖွဲ့အစည်းအသီးသီးတွင် မိမိတို့ လုပ်ငန်းများ ဖွံဖြိုးတိုးတက် ရေးအတွက် သုတေသနလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နိုင်ပြီး လုပ်ငန်း ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊
  • သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များ ကိန်းဂဏန်းများ ကောက်ယူခြင်း (Data Collection)ကို စနစ်တကျနည်းလမ်း မှန်ကန်စွာ ကောက်ယူနိုင်ရန်၊
  • ထိုသို့ ဆောင်ရွက်ရာတွင် ကွန်ပျူတာကို အသုံးပြုပြီး (Computer Applications and Data Processing) အချက်အလက်များ ထည့်သွင်းတွက်ချက်နိုင်၍ ကျွမ်းကျင်စွာ တတ်မြောက် အသုံးချနိုင်စေရန်၊
  • သုတေသနများကို စနစ်တကျ လုပ်ဆောင်နိုင်လာပြီး တွေ့ရှိချက်အသစ်များကို ဖော်ထုတ်နိုင်စွမ်းရှိသည့် သုတေသနပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊
  • သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ လေ့လာနေသည့် နယ်ပယ်အသီးသီး အတွက် မှန်ကန်ထိရောက်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေသည့် လူ့စွမ်းအားအရင်း အမြစ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အဆင့်မြင့်ဘွဲ့လွန် သင်တန်းဖြစ်သော အသုံးချ သုတေသနပညာမဟာဘွဲ့ (Master of Applied Research - MAR) သင်တန်းကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) စာရင်းအင်းပညာဌာနမှ တာဝန်ယူ အကောင်အထည်ဖော်၍ ၂၀၂၃ ခုနှစ်၊ မေလမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

၂။ သင်တန်းမှရရှိမည့်အကျိုးကျေးဇူးများ

တစ်ဦးတစ်ယောက်ချင်းစီ၏ပင်ကိုယ်အရည်အသွေး တိုးတက်၍  စူးစမ်းလေ့လာ တွေးခေါ်ဆုံးဖြတ်တတ်လာသော သုတေသနဉာဏ်ပညာများနှင့်အတူ မိမိကိုယ်တိုင်၊ မိမိဝန်းကျင်နှင့် သက်ဆိုင်သည့် နယ်ပယ် အဖွဲ့အစည်းများတွင် အချိန်နှင့်တပြေးညီ ထိရောက်၍ အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအနေဖြင့် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်လာနိုင်ခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်များလည်း မှန်ကန်စွာ ဆုံးဖြတ် ချမှတ်နိုင်ခြင်းတို့ကို ရရှိပိုင်ဆိုင်လာနိုင်မည် ဖြစ်ပါသည်။

၃။ သင်တန်းဆောင်ပုဒ်

“လူမှုစီးပွားဖွံ့ဖြိုးရေး သုတေသနအလေးပေး”

“လူမှုစီးပွားဖွံ့ဖြိုးရေး၏ ပင်မဖြစ်သောသုတေသနကို စနစ်တကျလုပ်ဆောင်နိုင်ပြီး မှန်ကန် ထိရောက်သော ဆုံးဖြတ်ချက်များကို ဖော်ထုတ်နိုင်စွမ်းရှိသည့် သုတေသနပညာရှင်များအား မွေးထုတ်ပေးရန်”

၄။ သင်တန်းဝင်ခွင့်အရည်အချင်း

MAR ဘွဲ့အတွက် စိတ်ဝင်စား၍ ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်-

(က)    အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီးသူဖြစ်ရမည်။

(ခ)     တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူမဖြစ်စေရ။

(ဂ)     ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက် ခွင့်ပြုကြောင်း ထောက်ခံစာပါ ရှိရမည်။

(ဃ)    သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာတက်ရောက်နိုင်သူဖြစ်ပြီး Online သင်တန်းဖြစ်သည့် အတွက်လိုအပ်သော နည်းပညာများအား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရ မည်။

၅။ သင်တန်းနှင့်ပတ်သက်သောအချက်အလက်များ

၁။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ၏ Original Scan Copy (မူရင်းကို Scanဖတ်ထားသော မိတ္ထူ) ကို သက်ဆိုင်ရာသင်တန်း၏ E-mail မှဖြစ်စေ (သို့မဟုတ်) စာရင်းအင်းပညာဌာနသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ပေးပို့ လျှောက်ထား နိုင်ပါသည်။

(က)    ဘွဲ့လက်မှတ်

(ခ)     တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်

(ဂ)     နိုင်ငံသားစိစစ်ရေးကတ် (ရှေ့ခြမ်း၊‌နောက်ခြမ်း၂ဘက် ပါရှိရမည်။)

(ဃ)    ပညာအရည်အချင်းထောက်ခံချက် (Letter of Recommendation for Academic)

(င)     လုပ်ငန်းအတွေ့အကြုံထောက်ခံချက် (Letter of Recommendation for Work)

(စ)     ပတ်စ်ပို့ ဓာတ်ပုံ (၄)ပုံ

၆။ သင်တန်းအချိန်နှင့် ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့်အချိန်

အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့ (နံနက် ၉ နာရီ မှ ညနေ ၅ နာရီ) အထိ ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ်ဖြစ်ပါသည်။

* ဝင်ခွင့်လျှောက်လွှာများကို နှစ်စဉ် ဇန်နဝါရီလမှ စတင်ခေါ်ယူလျက်ရှိပါသည်။

* နိုင်ငံပိုင်သတင်းစာများနှင့်တက္ကသိုလ်၏ Social Media Platforms / websites တို့တွင် အသေးစိတ် ကြေညာပေးလျက်ရှိပါသည်။

၇။ သင်တန်းကြေး

သင်တန်းကြေးကို တစ်နှစ်လျှင် ၂၄၀,၀၀၀  ကျပ်နှုန်းဖြင့် ( ၂)နှစ်အတွက် ၄၈၀,၀၀၀ ကျပ် သတ်မှတ် ထားပါသည်။

၈။သင်ကြားမည့်ဘာသာရပ်များ

Curriculum for Master of Applied Research (MAR)

First Year (Core Modules)

First Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MAR 111

Introduction to Research Methodology

3

4

2

MAR 112

Basic Statistics

3

4

3

MAR 113

Statistical Demography

3

4

 

 

Total

9

12

 

 

 

 

 

 

 

 

Second Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MAR 121

Applied Statistics

3

4

2

MAR 122

Probability Theory

3

4

3

MAR 123

Qualitative Research Methods

3

4

 

 

Total

9

12

 

 

 

 

 

 

 

 

Third Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MAR 131

Principal of Economics

3

4

2

MAR 132

Sample Survey Methodology

3

4

3

MAR 133

Regression Analysis

3

4

 

 

Total

9

12

 

 

 

 

 

 

 

 

Fourth Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MAR 141

Statistical Inference

3

4

2

MAR 142

Quantitative Research Methods

3

4

3

MAR 143

Data Analytics in R

3

4

 

 

Total

9

12

 

 

 

 

 

 

 

 

Second Year (Core Method)

First Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MAR 211

Non-Parametric Methods

3

4

2

MAR 212

Applied Econometrics

3

4

3

MAR 213

Time Series Analysis

3

4

4

MAR 214

Social Statistics

3

4

 

 

Total

12

16

 

 

 

 

 

 

 

 

 

Second Quarter

Sr. No

Module No.

Name of Module

Credit Unit

Hours per Week

1

MAR 221

Business Research Method

3

4

2

MAR 222

Multivariate Data Analysis

3

4

3

MAR 223

Data Analytics with Python Programming

3

4

4

MAR 224

Operation Research

3

4

 

 

Total

12

16

 

 

 

 

 

 

 

 

 

 

၉။ အကဲဖြတ်ပုံစံ

The weighting of the course requirements is as follows:

  1. Assignment & Presentation        30%
  2. Classroom Participation             10%
  3. Midterm Exam                            20%
  4. Quarter End Examination           40%

   Total                                       100%

၁၀။ ဆက်သွယ်စုံစမ်းရန်

၁။       စာရင်းအင်းပညာဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

Phone-     09-673 358 224, 09-897 752 047

Facebook page - University of Co-operative and Management, Sagaing

e-mail - statsdeptucms@gmail.com

၂။       သင်တန်းရေးရာဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

          Phone – 09-427906170, 072-2023015

          E-mail – ucmsexam22@gmail.com

           Website – https://ucms.edu.mm

           https://ucmsonlinestudy.org

 

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm