(က) စီမံ/ဘဏ္ဍာဌာန
(၁) ဝန်ထမ်းများရွေးချယ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ပြောင်းရွှေ့ခန့်ထားခြင်း၊ အငြိမ်းစားပေးခြင်း ၊ နှုတ်ထွက်ခွင့်ပေးခြင်း ၊အပြစ်ပေးအရေးယူခြင်း၊ ခွင့်ပေးခြင်း၊ ကိုယ်ရေးမှတ်တမ်းများပြုစုခြင်း ၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စများ ဆောင်ရွက်ပေးခြင်း၊ စာဝင်စာထွက်များဆောင်ရွက်ခြင်း၊ ကောလိပ်နယ်မြေလုံခြုံရေး၊ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း၊ အဆောက်အဦးများ၊ လမ်းများ ၊ပရိဘောဂများနှင့် ဌာနပိုင်စက်ပစ္စည်းများ မွမ်းမံထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် နယ်မြေအတွင်း ရေ၊မီးများ လုံလုံလောက်လောက်နှင့် မှန်မှန်ရရှိရေးအတွက် ဆောင်ရွက်ရပါသည်။ နှစ်စဉ်တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများအတွက် လုပ်ငန်းအစီအစဉ်များ စနစ်တကျရေးဆွဲ၍ လိုအပ်မည့်ခန့်မှန်းခြေ အသုံးစရိတ်များကို စိစစ်ပြီး ကျောင်းအုပ်ကြီးမှ တစ်ဆင့် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ ဆက်လက်တင်ပြ၍ လမ်းညွှန်မှု ကိုခံယူပါသည်။
(၂) အဆောက်အဦများ၊ လမ်းများ၊ ရေတွင်း၊ ရေစက်များ၊ ရေပိုက်လိုင်းများ၊ လျှပ်စစ် မီးလိုင်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံများ ရေ၊ မီး၊ မိလ္လာများနှင့်တကွ စနစ်တကျ မှတ်တမ်း တင်ထားရှိခြင်း။
(၃) ကောလိပ်နယ်မြေအတွင်း စိမ်းလန်းစိုပြေရေး သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေးခြင်း၊ဆောင်ရွက်မည့် လုပ်ငန်းများ အစီအစဉ်ရေးဆွဲ တင်ပြ၍ ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ချက်ချင်းတာဝန်ယူ ဆောင်ရွက်ပေး ခြင်း။
(၄) နှစ်စဉ်တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများအတွက် လုပ်ငန်းအစီအစဉ်များ စနစ်တကျ ရေးဆွဲ၍ လိုအပ်မည့်ခန့်မှန်းခြေ အသုံးစရိတ်များကို စိစစ်ပြီး ကျောင်းအုပ်ကြီးမှတဆင့် သမဝါယမဦးစီဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြအတည်ပြုချက်ရယူခြင်း။
(၅) ကောလိပ်များ၏ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းလမ်းညွှန်တွင်ပါရှိသည့် လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊
(၆) ကောလိပ်အလိုက် ဖွဲ့စည်းပေးထားသော ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို လစဉ်ပုံမှန်ကျင်းပ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပက်သက်သည့် တင်ပြလာသော အသုံးစရိတ်များကို စိစစ်ထောက်ခံတင်ပြခြင်း၊
(၇) မိမိကောလိပ်အလိုက် တိုးချဲ့တည်ဆောက်မည့်လုပ်ငန်းများ အကြီးစားမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ရန်ရှိပါက ဦးစီးဌာန၏လမ်းညွှန်မှု ရယူပြီးနောက် မိမိတို့ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(၈) ကျောင်းသုံးနှင့်ရုံးသုံး ပရိဘောဂများ စက်ပစ္စည်းများကို ဝယ်ယူခြင်း၊ သိုလှောင် ထိန်းသိမ်းခြင်း၊ ပစ္စည်းစာရင်းများ စနစ်တကျ ပြုစုထားရှိခြင်းများ ဆောင်ရွက်ရန်နှင့် အထက်အဖွဲ့အစည်းများမှ အခါအားလျော်စွာ ပေးအပ်လာသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊
(၉) ကျောင်းသားများထံမှ ကျောင်းလခ၊အဆောင်ခ အစရှိသည့် အခကြေးငွေ များကို ကောက်ခံရယူခြင်း၊ ၎င်းတို့အတွက် စာရင်းများစနစ်တကျ ပြုစုထားရှိခြင်း၊ ကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ကြေးများ ထုတ်ပေးခြင်း ဝန်ထမ်းလစာစရိတ် ချီးမြှင့်ငွေများ ထုတ်ပေးခြင်း ဌာနဆိုင်ရာ သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များ ထုတ်ပေးခြင်း ရငွေသုံးငွေစာရင်းများ စနစ်တကျပြုစုထားရှိခြင်း ရသုံးမှန်းခြေ ငွေစာရင်း များရေးဆွဲခြင်း၊ သုံးလပတ်၊ လေးလပတ် ရသုံးငွေစာရင်းများ ပြုစုခြင်း၊ နှစ်ချုပ် စာရင်းများ ရေးဆွဲတင်ပြခြင်းနှင့် နှစ်စဉ်စာရင်းစစ် အစီရင်ခံစာပါ ကိစ္စများကြီးကြပ် ဆောင်ရွက်ခြင်း၊ ရုံးသုံးစာရေးကိရိယာ၊ စက္ကူများ၊ ရုံးသုံးပစ္စည်းများ ဝယ်ယူထိန်းသိမ်းခြင်းများ ဆောင်ရွက် ရပါသည်။
(၁၀) ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် RCနှစ်ထပ် အိပ်ဆောင်(၂)ဆောင် ဆောက်လုပ်ခဲ့ပါသည်။ ယင်းနှစ်မှာပင် ရုံးသုံးပရိဘောဂနှင့် ရုံးသုံး စက်ကရိယာများကို ဝယ်ယူဖြည့်ဆည်းခဲ့ပါသည်။
(ခ) ကျောင်းသားရေးရာဌာန
(၁) ကျောင်းသားများ၏ ကိုယ်ရေးမှတ်တမ်းများ ပြုစုထားရှိခြင်း၊ ကျောင်းပြောင်းခြင်း၊ ကျောင်းမှနှုတ်ထွက်ခြင်းကိစ္စများကို အရေးယူဆောင်ရွက်ခြင်း၊ ကျောင်းသားမှတ်ပုံတင်ကဒ်ပြား များကို ထုတ်ပေးခြင်း၊စည်းကမ်းဖောက်ဖျက်သူများကို အရေးယူခြင်း၊ အားကစား ပြိုင်ပွဲများ ကျင်းပခြင်း၊ အားကစားကွင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ဆောင်ရွက်ရပါသည်။
(၂) စာမေးပွဲဝင်ခွင့် လျှောက်လွှာများကို စိစစ်လက်ခံခြင်း၊ စာမေးပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခြင်း၊စာမေးပွဲအောင်/ရှုံး ထောက်ခံစာများနှင့် အမှတ်စာရင်းများထုတ်ပေးခြင်း၊ အောင်လက်မှတ်အပ်နှင်းနိုင်ရေးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း၊ အောင်လက်မှတ်အပ်နှင်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရပါသည်။
(ဂ) သင်ကြားရေးဌာန
(၁) စာကြည့်တိုက်ဌာနခွဲအနေဖြင့် စာအုပ်စာနယ်ဇင်းများ ဝယ်ယူစုဆောင်းခြင်း၊ စနစ်တကျ စာရင်းပြုစုထိန်းသိမ်းခြင်း၊ ငှားရမ်းထုတ်ပေးခြင်းများ ဆောင်ရွက်ရပါသည်။
(၂) သင်ကြားရေးဌာနခွဲအနေဖြင့် ကျောင်းသားများကို သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားပို့ချခြင်း၊ လက်တွေ့ပြသခြင်း၊ ကျောင်းသားများကို ကြီးကြပ်ကွပ်ကဲခြင်း၊ စာမေးပွဲခန်းများကို ကြီးကြပ်ပေးခြင်း၊ စာမေးပွဲအဖြေလွှာများကို စစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်ရပါသည်။
(၃) သမဝါယမကောလိပ် (ဖောင်ကြီး) သင်ကြားရေးဆရာ၊ဆရာမစာရင်းမှာ မဟာစီးပွား ရေးပညာဘွဲ့(၅)ဦး၊ မဟာသိပ္ပံဘွဲ့(၂)ဦး၊ မဟာဝိဇ္ဇာဘွဲ့(၅)ဦး၊ သိပ္ပံဘွဲ့(၁)ဦး၊ စီးပွားရေးဘွဲ့ (၇)ဦး၊ဝိဇ္ဇာဘွဲ့(၁)ဦး၊ ကွန်ပျူတာ(၁)ဦးတို့ဖြစ်ပါသည်။
(၄) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အောက်ဖော်ပြပါ ဒီပလိုမာ(၅)မျိုး ပေးအပ်ချီးမြှင့် ခဲ့ပါသည်။
(က) စီးပွားရေးလုပ်ငန်းစာရင်းကိုင်ဒီပလိုမာ (Diploma in Business Accounting)
(ခ) ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုဒီပလိုမာ(Diploma in Marketing Management)
(ဂ) အသုံးချစာရင်းအင်း ဒီပလိုမာ (Diploma in Applied Statistics)
(ဃ) ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာဒီပလိုမာ(Diploma in Regional Development)
(င) လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဒီပလိုမာ(Diploma in Social Enterprise Management)
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။