မြန်မာ့လက်မှုအနုပညာစင်တာ (Myanma Handicrafts Centre - MHC) (ရန်ကုန်) ၏ တည်ထောင်ထားရှိမှုအခြေအနေ
မြန်မာ့လက်မှုအနုပညာစင်တာအဆောက်အဦသည် (၅၃၇၆) ဧရိယာစတုရန်းပေရှိသည့် RC နှစ်ထပ် အဆောက်အဦဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ အသုံးပြု၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ အတွင်းခန်း ပြင်ဆင်ခြင်း၊ ပရိဘောဂများ ထည့်သွင်းခြင်း၊ အသံစနစ်၊ လုံခြုံရေးစနစ်များ တပ်ဆင်ခြင်းနှင့် ဒေသအသီးသီးမှ မြန်မာ့လက်မှုထည်ပစ္စည်းများ ဝယ်ယူစုဆောင်းခြင်း စသည့် လုပ်ငန်းများ ကို နိုင်ငံတော်ဘဏ္ဍာမှ သုံးစွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာ့လက်မှုအနုပညာစင်တာမှာ လက်မှုထည်ပစ္စည်းများ ပြသရောင်းချနိုင်သည့် ဆိုင်ခန်း (၂၄)ခန်းပါရှိပြီး အပေါ်ထပ်တွင် အရောင်းပြခန်း မှန်ခန်း(၁၂)ခန်းနှင့် ရုံးခန်း၊ အောက်ထပ်တွင် မှန်ခန်း(၆)ခန်းနှင့် အလွတ်ခန်း(၆)ခန်း၊ အရောင်းလှည်း Booth (၈)စင်းနှင့် မြန်မာ့လက်မှုအနုပညာအသင်း (Myanmar Arts & Crafts Association-MACA) ရုံးခန်းတို့ဖြင့် ဖွဲ့စည်းထားရှိပါသည်။
မြန်မာ့လက်မှုအနုပညာစင်တာ အဆောက်အဦးရဲ့ အပြင်ဘက်မှာလည်း စိတ်ပါဝင်စားသူ ပုဂ္ဂလိကလုပ်ငန်းရှင်များ လာရောက်ပြသရောင်းချနိုင်ရေး (၁၀)ပေ ပတ်လည် ဆိုင်ခန်းများ(၂၄) ခန်းကို စီစဉ်ဆောင်ရွက်ပေးထားပါသည်။
မြန်မာ့လက်မှုအနုပညာစင်တာရှိ ဆိုင်ခန်းများကို နေ့ထူးနေ့မြတ် အစိုးရရုံးပိတ်ရက်များနှင့် အင်္ဂါနေ့မှအပ နေ့စဉ်နံနက် (၉: ၀၀) နာရီမှ ညနေ(၅: ၀၀) နာရီ ထိ ဖွင့်လှစ်ပေးလျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်