Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဇ) အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုများ

        ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာဆင်းရဲမှု လျှော့ချရေးဗဟိုဌာန (International Poverty Reduction Center in China_IPRCC) မှ ကြီးမှူး ကျင်းပသည့် 2021 Global Rural Development Forum သို့ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရာတွင် ယုံကြည်မှု ပိုမိုခိုင်မာစေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့်အတွေးအမြင်များ ဖလှယ်ကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ်ချမှတ်ကာ ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေခဲ့မှုများ၊ ကိုဗစ်- ၁၉ ကပ်ရောဂါ နှင့် စီးပွားရေးကျဆင်းမှုတို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် နှောင့်နှေးမှုနှင့် ကြုံတွေ့ရမှု များ၊ မြို့ပြနှင့်ကျေးလက်ဒေသများကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရန် အလေးပေး ဆောင်ရွက်မှုများ၊ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြေရှင်းရာတွင် လူထုဗဟိုပြုချဉ်းကပ်မှုနည်းလမ်းနှင့် အားလုံးပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုနည်းလမ်းများကျင့်သုံး၍ ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးကို အလေးပေးဆောင်ရွက်နေကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂၆) ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင်ကာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ အောက်ဖော်ပြပါ အစည်းအဝေးများနှင့် ဆွေးနွေးပွဲ များကို ကျင်းပခဲ့ပါသည် -

         (က) (၁၈)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့်

                 အစည်းအဝေး (18th SOMRDPE)

         ( ခ ) အခြေခံကဏ္ဍများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် Covid-19 ကူးစက်ရောဂါ ပြန်လည်ကုစားရေးဆောင်ရွက်မှုဆွေးနွေးပွဲ၊

         ( ဂ ) (၁၄)ကြိမ်မြောက်အာဆီယံ+၃ နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက် ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ

                  အဆင့်အစည်းအဝေး(14th SOMRDPE+3 )

          (ဃ) (၁၀)ကြိမ်မြောက်အာဆီယံ ပြည်သူ-ပုဂ္ဂလိက-အစိုးရ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (10th ASEAN PPPP Forum on

                   RDPE)

          ( င ) အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေး Master Plan အပေါ် နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲနှင့် (၁၂) ကြိမ်မြောက်

                   အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး

          အထက်ပါအစည်းအဝေးနှင့် ဆွေးနွေးပွဲများသို့ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး Focal Point ဖြစ်သည့် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး၏ Focal Point အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေး၏ဆောင်ပုဒ်ဖြစ်သည့် “Accelerating Recovery and Strengthening Resiliency of ASEAN for Sustainable Rural Development and Poverty Eradication” အပေါ်အခြေခံ၍ အာဆီယံဒေသတွင်းနိုင်ငံများအကြား COVID-19 ကူးစက်ရောဂါကာလအတွင်း တွေ့ကြုံခဲ့ရသောအခက်အခဲများအပေါ်အတွေ့အကြုံများဖလှယ်ခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ခြင်းနှင့် အာဆီယံဒေသတွင်း စဉ်ဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများတွင် တုံ့ပြန်နိုင် စွမ်းအား ပိုမိုကောင်းမွန်သောအဖွဲ့အစည်းတစ်ခုဖြစ်ပေါ်စေရေး၊ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေး ပင်မစီမံချက်ရေးဆွဲနိုင်ရေးကိစ္စရပ်များ၊ ကျား-မရေးရာ အခန်းကဏ္ဍဆောင်ရွက်မှုများ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစီမံချက်(၂၀၂၁-၂၀၂၅) အပေါ် ဆွေးနွေးချက်များ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ အောင်မြင်မှုများ၊ သင်ခန်းစာရရှိမှုများ၊ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ပူးတွဲ ကြေငြာစာတမ်းထုတ်ပြန်ခြင်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ ပါသည်။ ၂၆-၁၁-၂၀၂၁ နေ့တွင် ကျင်းပပြုလုပ်ရန် လျာထားသည့် (၅) ကြိမ်မြောက်အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာခေါင်းဆောင်မှုအရည်အချင်း ဆုပေးပွဲ အခမ်းအနားအား ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့ပွားမှုကြောင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ (၅) နိုင်ငံမှ ဆုရရှိသူ NGO၊ CSO၊ Private Sector အဖွဲ့ (၁၁) ဖွဲ့သာအမည်စာရင်းတင်ပြနိုင်ခဲ့ပြီး ကျန်အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဆုရရှိသူများအား ရွေးချယ်နိုင်ခြင်းမရှိသဖြင့် ဆုပေးပွဲအခမ်းအနားအား ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ရန် ရွှေ့ဆိုင်းခဲ့ပြီး ၂၉-၄-၂၀၂၂ ရက်နေ့တွင် ပြန်လည်ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

          ၂၀၂၂ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ SOMRDPE Thailand မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် Forum Promoting Social Security and Community Economic Growth through Community Product Development and Sufficiency Economy Principles: Towards Sustainable Poverty Eradication in ASEAN သို့ SOMRDPE Myanmar Focal Point အဖြစ်တာဝန်ယူဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဆောင်ကာ ဒုတိယညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံဒေသတွင်း ကျေးလက်စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လူထုဗဟိုပြုဖွံ့ဖြိုးရေး ဆိုင်ရာစွမ်းဆောင်ရည်မြင့်တင်ရေး အလေ့အကျင့်ကောင်းများနှင့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ၊ အာဆီယံဒေသတွင်း ရပ်ရွာထုတ်ကုန်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့် ၎င်းတို့၏တန်ဖိုး ကွင်းဆက်စီမံခန့်ခွဲမှုစနစ် အလေ့အကျင့်ကောင်းပုံစံများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm