Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာ (Smart Village) အား သွားရောက်ကြည့်ရှုစစ်ဆေး


14 Apr,2025

နေပြည်တော် ဧပြီ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာ (Smart Village) သို့ သွားရောက်၍ ကျေးရွာသောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တည်ဆောက်ပေးထားသော အမြင့်တင်ရေစင်၏ ငလျင်ဒဏ် ထိခိုက်မှု အခြေအနေနှင့် ကျေးရွာရေပေးရေးလုပ်ငန်းများ အဆင်ပြေမှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျေးရွာမူလတန်းလွန်ကျောင်းတွင် ကျေးရွာလူထုနှင့် တွေ့ဆုံ၍ နွေစပါးစိုက်ခင်းများ အောင်ရေရရှိရေး ညှိနှိုင်းဆွေးနွေးပြီး လာမည့်မိုးရာသီတွင် စိုက်ပျိုးမည့် မိုးမြေပဲ ဧက (၃၀၀) ကျော် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်၊ မိုးနှောင်းဝါ စိုက်ပျိုးရေးအတွက် RAKA-၆၆၆ ဝါမျိုးများ လုံလောက်စွာရရှိရန်၊ မိုးစပါးကိုလည်း ပန်းတိုင် အထွက်နှုန်းရရှိအောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အေးချမ်းသာကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချကာ သောက်သုံးရေဖြန့်ဝေပေး နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါကျေးရွာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၂၀၁၈ ခုနှစ် မှ ၂၀၂၁ ခုနှစ်ထိ ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းကို ဆောင်ရွက်ပေးခဲ့သော ကျေးရွာဖြစ်ရာ အဆိုပါစီမံကိန်း လုပ်ငန်းစဉ်များထဲတွင် ပါဝင်သော စက်ယက္ကန်းအလုပ်ရုံကို လည်းကောင်း၊ အစုအဖွဲ့ဖြင့် ဆောင်ရွက်နေသာ စံပြဝက်မွေးမြူရေးခြံကိုလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လူပျိုဆောင်၊ အပျိုဆောင်များသို့ သွားရောက်၍ ဝန်ထမ်း များနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ရေ၊ မီး အဆင် ပြေမှု ရှိ/ မရှိနှင့် အဆောင်လုံခြုံရေးကိစ္စများအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်