Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ် ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

31 Aug,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်

ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း       

၁။            ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်တွင် အောက်ပါသင်တန်းများ ဖွင့်လှစ်ပါမည် -

               (က)      သမဝါယမကောလိပ် (ဖောင်ကြီး၊ မန္တလေး)တို့မှ ပေးအပ်မည့် ဒီပလိုမာများမှာ -

                            (၁)   Diploma in Social Enterprise Management (Dip. S.E.M)

                            (၂)   Diploma in Regional Development (Dip. R.D)

                            (၃)   Diploma in Business Accounting (Dip. B.Acct)

                            (၄)   Diploma in Marketing Management (Dip. M.M)

                            (၅)   Diploma in Applied Statistics (Dip. A.S)    

               (ခ)        ယွန်းပညာကောလိပ် (ပုဂံ)မှ ပေးအပ်မည့် ဒီပလိုမာမှာ -

                                   Diploma in Lacquerware Technology (Dip. L.T)

၂။            ဒီပလိုမာများအတွက် သင်တန်းကာလမှာ (၂)နှစ်စီဖြစ်ပါသည်။ သင်တန်းကာလ (၂)နှစ် ပြီးမြောက်အောင်မြင်သူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တို့တွင် သက်ဆိုင်ရာအထူးပြုဘာသာရပ် အလိုက် တတိယနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရှိသည်။

၃။            အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်သူ (မည်သည့်ဘာသာတွဲဖြင့်မဆို) ဖြစ်ရမည်။

၄။            သမဝါယမကောလိပ်အသီးသီးသို့ လျှောက်ထားလာသူများအနက် ကောလိပ်အလိုက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ် မူတည်၍ ရမှတ် အများအနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။

၅။            လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည် -

(က)      တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မိတ္တူ (သို့မဟုတ်) အောင်ကြောင်း ထောက်ခံစာ မူရင်း

(ခ)        အမှတ်စာရင်းမူရင်း

၆။            လျှောက်လွှာနှင့် လမ်းညွှန်များကို သမဝါယမဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး)၊ တိုင်းဒေသကြီး/ပြည်နယ်/ မြို့နယ်သမဝါယမဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများ၊ သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်တို့တွင် ဝယ်ယူလျှောက်ထားနိုင်ပြီး လျှောက်လွှာပိတ်ရက်မှာ (၁၀-၁၀-၂၀၂၃)ရက်နေ့ဖြစ်ပါသည်။ အသေးစိတ်သိလိုသော အချက်အလက်များကို ၀၆၇ - ၃၄၁၀၃၄၃ ၊ ၀၆၇ - ၃၄၁၀၂၇၃၊ ၀၂ - ၄၀၅၇၁၉၆၊ ၀၁ - ၈၆၂၆၀၇၄၊ ၀၆၁ - ၂၄၆၀၂၆၇ များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm