Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

30 Aug,2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

၁။      ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် အောက်ပါသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ပေးအပ်မည့်ဘွဲ့များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    စီးပွားရေးသိပ္ပံဘွဲ့(စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ)

                     B.BSc(Accounting & Finance)

          (ခ)     စီးပွားရေးသိပ္ပံဘွဲ့(အသုံးချစာရင်းအင်းပညာ)

                    B.BSc(Applied Statistics)

          (ဂ)     စီးပွားရေးသိပ္ပံဘွဲ့(ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ)

                    B.BSc(Marketing Management)

          (ဃ)    စီးပွားရေးသိပ္ပံဘွဲ့(ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)

                    B.BSc(Regional Development)

          (င)     စီးပွားရေးသိပ္ပံဘွဲ့(လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)

                    B.BSc(Social Enterprise Management)                                

၂။       သင်တန်းကာလမှာ (၄)နှစ်ဖြစ်ပါသည်။

၃။      အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ(မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ရမည်။

၄။      သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ် မူတည်၍ ရမှတ်အများအနည်း                    အလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။

၅။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-   

          (က)    တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ(သို့မဟုတ်) အောင်မြင်ကြောင်း                          ထောက်ခံစာမူရင်း

          (ခ)     အမှတ်စာရင်းမူရင်း

          (ဂ)     ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၄)ပုံ        

         (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

၆။      ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်/ မြို့နယ် ရုံးများမှတဆင့်ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာရွက်စာတမ်း အပြည့် အစုံဖြင့် လျှောက်ထားရမည်။

၇။      လျှောက်လွှာနှင့်လမ်းညွှန်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် (၁.၉.၂၀၂၃)ရက်နေ့မှ (၁၀.၁၀.၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ပါသည်။

၈။      တက္ကသိုလ်ဝင်ခွင့်ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန website https://mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) website  https://ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၉။      အသေးစိတ်သိလိုသောအချက်အလက်များကိုဝန်ကြီးရုံး website https://mcrd.gov.mm ဤတက္ကသိုလ်၏ Website  https://ucms.edu.mm နှင့် Facebook Page: University of         Co-operative and Management, Sagaing တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ်     09-402546594, 072-2023015 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

 


ဝင်ခွင့်လျှောက်လွှာ.pdf

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm