Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ မြို့နယ်ရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တို့တွင် လစ်လပ်လျက်ရှိသော နည်းပြ၊ အငယ်တန်းစာရေး၊ ယာဉ်မောင်း(၅)/ယာဉ်မောင်းစက်ပြင်(၅)နှင့် အစောင့်ရာထူးနေရာများအတွက် အလုပ်လျှောက်လွာခေါ်ယူခြင်း

15 Aug,2023

သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ မြို့နယ်ရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တို့တွင် လစ်လပ်လျက်ရှိသော နည်းပြ၊ အငယ်တန်းစာရေး၊ ယာဉ်မောင်း(၅)/ယာဉ်မောင်းစက်ပြင်(၅)နှင့် အစောင့်ရာထူးနေရာများအတွက်  အလုပ်လျှောက်လွာခေါ်ယူခြင်း

၁။            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၊မြို့နယ်ရုံးများနှင့်သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တို့တွင်  လစ်လပ်လျက် ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ်

ရာထူး/လစာနှုန်း

နေရာ

ပညာအရည်အချင်း

(က)

နည်းပြ

(၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)

၁၄

MBA, MPA, M.I.Sc

B.Com/ B.Com(Hons)/ B.Com(Q), B.Act (Hons)/ B.Act(Q),  B.Econ(Eco)(Q),

B.C.Sc /B.C.Sc(Hons)/ B.C.Sc(Q), B.C.Tech(Hons)/ B.C.Tech (Q), B.Sc(Maths)(Hons)/ B.Sc(Maths)(Q), B.A(Myan)(Hons)/ B.A(Myan) (Q), B.A(Eng), B.A(Geog)(Hons)/ B.A(Geog)(Q), B.B.Sc(Q), B.A(BS)(Q)  (မဟာဘွဲ့ရရှိသူများအား ဦးစားပေးမည်။)

( ခ )

အငယ်တန်းစာရေး

(၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)

၂၄၆

တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ

(ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူ)

( ဂ )

ယာဉ်မောင်း(၅)/

ယာဉ်မောင်းစက်ပြင်(၅)

 (၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ)

 အခြေခံပညာမူလတန်းအဆင့်ရှိသူ

(ယာဉ်မောင်း"ခ"လိုင်စင်ရှိပြီး ယာဉ်ကိုကျွမ်းကျင်စွာမောင်းနှင်နိုင်သူ)

(ဃ)

အစောင့်

(၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ)

၅၁

‌အခြေခံပညာမူလတန်းအဆင့်ရှိသူ

၂။            လျှောက်ထားသူသည် -

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )   နည်းပြနှင့်အငယ်တန်းစာရေးရာထူးနေရာအတွက် (၃၁-၈-၂၀၂၃)ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။ ယာဉ်မောင်း(၅)/ယာဉ်မောင်းစက်ပြင် (၅)နှင့်အစောင့်ရာထူးနေရာအတွက်   (၃၁-၈-၂၀၂၃)ရက်နေ့တွင် အသက်(၄၀)နှစ် ထက်မကျော်လွန်သူဖြစ်ရမည်။

( ဂ )   ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

( ဃ)   နည်းပြရာထူးအတွက် ဌာနတွင် အနည်းဆုံး(၅)နှစ်၊ ကျန်ရာထူးများအတွက် ဌာန တွင် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း  ဝန်ခံကတိလက်မှတ် ရေးထိုးနိုင်ရမည်။

( င )   ဒေသခံများအား ဦးစားပေးစဉ်းစားမည်။

( စ )   အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီးဌာန နှင့်အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားရမည်။

(ဆ)    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခြင်းခံရသူများ လျှောက်ထားခွင့်မရှိပါ။

၃။            လျှောက်လွှာတွင် လျှောက်ထားသည့် ရာထူး၊ လျှောက်ထားသူ၏အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ အောင်မြင်ခဲ့သည့်ကျောင်း၊ တက္ကသိုလ်၊ မိဘအမည်၊ ၎င်းတို့၏နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်၊ လျှောက်ထားသူ၏ဆက်သွယ်ရန် လိပ်စာ၊ ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်၊ အမြဲတမ်းနေရပ်လိပ်စာ၊ ဝန်ထမ်းဖြစ်ပါက လက်ရှိရာထူး၊ လစာနှုန်း နှင့်ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့်အလုပ်သမားရုံးအမည် ဖော်ပြရမည်။

၄။            လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြရမည် -

(က) နည်းပြနှင့်အငယ်တန်းစာရေးရာထူးနေရာအတွက် ဘွဲ့လက်မှတ်/ယာယီဘွဲ့ထောက်ခံစာ မိတ္တူ၊ အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊

( ခ ) ယာဉ်မောင်း(၅)/ ယာဉ်မောင်းစက်ပြင်(၅)နှင့်အစောင့်ရာထူးနေရာအတွက်   အသက် အထောက်အထားစစ်ဆေးရန်မှတ်ပုံတင်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ် ရေးထိုးရန်)၊

( ဂ ) ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့်ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာရပ်ကွက်နှင့်ရဲစခန်း ထောက်ခံချက်မူရင်း(လွန်ခဲ့သော(၁)လအတွင်း)(နိုင်ငံ့ဝန်ထမ်းများအတွက် ကိုယ်တိုင် ဝန်ခံချက်၊ ဌာနထောက်ခံချက်)

(ဃ) တာဝန်ကျရာ မည်သည့်ဒေသတွင်မဆို သွားရောက်တာဝန်ထမ်းဆောင်ပါမည်ဟု ကတိပြုဝန်ခံချက်၊

( င ) ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ကိုယ်တိုင်ကတိဝန်ခံချက်၊

( စ ) ကျန်းမာကြောင်းဆေးထောက်ခံစာ [လွန်ခဲ့သော(၁)ပတ်အတွင်း]၊

(ဆ) (၁)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်၊ ရောင်စုံဓါတ်ပုံ(၃)ပုံ၊ ဓါတ်ပုံ ကျောဘက်တွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရေးသားရန်၊

( ဇ ) နည်းပြရာထူးနေရာအတွက် ခန့်ထားခြင်းခံရပါက နိုင်ငံ့တာဝန်အား အနည်းဆုံး (၅)နှစ်တိတိ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကတိပြုဝန်ခံချက်။

( ဈ )  ကျန်ရာထူးနေရာများအတွက် ခန့်ထားခြင်းခံရပါက နိုင်ငံ့တာဝန်အား အနည်းဆုံး (၃)နှစ်တိတိ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကတိပြုဝန်ခံချက်။     

၅။            သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၁၆)၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနရုံးများနှင့် သမဝါယမကောလိပ် (ဖောင်ကြီး၊ မန္တလေး)သို့ (၁၅-၉-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာပေးပို့ရမည်။

၆။          နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာန အကြီးအကဲထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့ (၁၅-၉-၂၀၂၃)ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။ [ ကြိုတင် လျှောက်လွှာ()စောင်ကိုရေးဖြေ ဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီတင်သွင်း ရမည်။ ]

၇။           နည်းပြနှင့်အငယ်တန်းစာရေးရာထူးနေရာအတွက် ရေးဖြေစာမေးပွဲ (မြန်မာစာ၊အင်္ဂလိပ်စာ နှင့်အထွေထွေဗဟုသုတ)ကို သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီး ဌာနရုံးများ၊ သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တွင် ပြုလုပ်သွားမည်ဖြစ်ရာ ဖြေဆိုလိုသည့် နေရာအား လျှောက်လွှာတွင်ထင်ရှားစွာဖော်ပြရန်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲ ကျင်းပမည့်နေ့ရက်၊ နေရာနှင့်အချိန်တို့ကို သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာန ရုံးများနှင့်သမဝါယမကောလိပ်များတွင် ကြိုတင်ကြေညာပါမည်။ ရေးဖြေအောင်မြင်သူများအား လူတွေ့စစ်ဆေးခြင်းဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။

၈။           ယာဉ်မောင်း(၅)/ယာဉ်မောင်းစက်ပြင်(၅)နှင့်အစောင့်ရာထူးနေရာအတွက်  လက်တွေ့နှင့် လူတွေ့စစ်ဆေးခြင်းကို ပြုလုပ်သွားမည်ဖြစ်ရာ စစ်ဆေးခြင်းပြုလုပ်မည့် နေ့ရက်၊ နေရာနှင့် အချိန် တို့ကို သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနရုံးများနှင့် သမဝါယမကောလိပ်များတွင် ကြိုတင်ကြေညာပါမည်။

၉။       အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအချက် အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော  လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၁၆)၊ နေပြည်တော် (တယ်လီဖုန်းအမှတ်-၀၆၇-၃၄၁၀၃၃၆)၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီး ဌာနရုံးများနှင့် သမဝါယမကောလိပ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

သမဝါယမဦးစီးဌာန(ရုံးချုပ်)




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm