Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Certificate in Digital Marketing and Innovation-CDMI(Batch-I) ဖွင့်လှစ်မည်

08 Aug,2023

သန်လျင် ဩဂုတ် ၈

              သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ဒီဂျစ်တယ်နည်းလမ်းဖြင့် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများကို တတ်သိနားလည်ပြီးအသုံးချနိုင်စေရန်၊ ပြိုင်ဖက်လုပ်ငန်း များထက် သာလွန်သော ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ သဘောတရားများ၊ နည်းလမ်း များနှင့် ဆန်းသစ်တီထွင်မှုများကိုသိရှိစေရန်၊ လက်တွေ့ဈေးကွက်ဖော်ဆောင်ရာ၌ ကြုံတွေ့ရမည့် ပြဿနာ များကို ဖြေရှင်းရာတွင် နည်းစနစ်ကျစွာ တွေးခေါ်တီထွင်ဆန်းသစ်နိုင်စေရေးအတွက် အထောက် အကူပြုနိုင်စေရန်နှင့် နိုင်ငံတကာအဆင့် ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်စွာအသုံးပြုနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုနိုင်စေရန်ရည်ရွယ်၍ Certificate in Digital Marketing and Innovation-CDMI(Batch-I) Free Online Certificate Course ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ များတွင် အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ နံနက် ၉ နာရီမှ ၁၂ နာရီ အထိ ဖွင့်လှစ် သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများ အနေဖြင့် https:// forms.gle/FX5QmvXRrJvYcF8U9 Link မှတစ်ဆင့် Google Form တွင် ဖြည့်စွက်ပြီး ၁၆-၈-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm