Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် အောက်ဖော်ပြပါ လစ်လပ်လျက်ရှိသော ရာထူးများအတွက်အလုပ်လျှောက်လွှာခေါ်ယူခြင်း

28 Jul,2023

၁။           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနရုံးများ၊ ခရိုင်ဦးစီးဌာနရုံးများနှင့် ရက်ကန်းကျောင်းတို့တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရာထူးများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ်

ခန့်ထားမည့်ရာထူး/လစာနှုန်း/ပညာအရည်အချင်း

လစ်လပ်

(က)

ဒုတိယဦးစီးမှူး (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)

B.E (Mech/EP/EC/Civil) (သို့မဟုတ်) B.Sc (IC/Chem)

(သို့မဟုတ်) B.Com ၊ B.Act ၊ BBA ၊ B.Econ (Eco)၊ B.B.Sc (သို့မဟုတ်) မဟာဘွဲ့တစ်ခုခုရရှိသူ

( ခ)

နည်းပြ (ရက်ကန်း) (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)

B.E (Textile)(သို့မဟုတ်) ဘွဲ့တစ်ခုခုနှင့် ရက်ကန်းသင်တန်းဆင်းသူ

( ဂ)

အငယ်တန်းစာရေး (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

ဘွဲ့တစ်ခုခုရရှိသူ (လက်မှုပညာရပ်တစ်ခုခုကျွမ်းကျင်သူဦးစားပေးမည်။)

၁၈

(ဃ)

သုတေသနလက်ထောက်(၄) (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

သိပ္ပံဘွဲ့ (ဓာတု/ ကုန်ထုတ်ဓာတု)(သို့မဟုတ်) ဓာတုဗေဒဆိုင်ရာ ဘွဲ့တစ်ခုခုနှင့် Dip in Food Technology ရရှိသူ

( င)

စက်မှုကျွမ်းကျင်-၄ (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

အင်ဂျင်နီယာဘွဲ့/ အင်ဂျင်နီယာဒီပလိုမာ/

စက်မှုသင်တန်းကျောင်းဆင်းများ/ THS ကျောင်းဆင်းများ

၁၄

( စ)

စာရင်းကိုင်-၄ (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ဘွဲ့တစ်ခုခုနှင့်စာရင်းကိုင်ဒီပလိုမာရရှိသူ(သို့မဟုတ်)  စီးပွားရေးပညာဘွဲ့တစ်ခုခုရရှိသူ

(ဆ)

လက်ထောက်နည်းပြ (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) AGTI(Textile)(သို့မဟုတ်)ဘွဲ့တစ်ခုခုနှင့်ရက်ကန်းသင်တန်းဆင်းသူ

၂။            လျှောက်ထားသူသည်-

              (က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

              (ခ )   အထက်ဖော်ပြပါရာထူးနေရာများအတွက် လျှောက်ထားသူများသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့တွင် အသက် (၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ ဒေသခံများအားဦးစားပေး                             စဉ်းစားမည်။ ဝေးလံဒေသများနှင့် ဌာနမှလက်ရှိနေ့စား ဝန်ထမ်းများဖြစ်ပါက အသက်ကန့်သတ်ချက်အား လျော့ပေါ့စဉ်းစားပေးမည်။

(ဂ )    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(ဃ)    လက်မှုပညာရပ်တစ်ခုခုကျွမ်းကျင်သူများသည် လက်တွေ့စစ်ဆေးခြင်းခံရမည်။

(င )    အမှတ်စဉ် (က) နှင့် (ခ) ရာထူးများအတွက် ဌာနတွင် အနည်းဆုံး (၅) နှစ်တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးနိုင်ရမည်။

(စ )    အမှတ်စဉ် (ဂ) မှ (ဆ) ပါရာထူးများအတွက် ဌာနတွင် အနည်းဆုံး (၃) နှစ် တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးနိုင်ရမည်။

(ဆ)    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal) ခြင်း၊ ရာထူးမှ ထုတ်ပယ်(Removal)ခြင်း၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိပါ။

၃။           လျှောက်လွှာများကို ကိုယ်တိုင်ရေးလျှောက်လွှာ၊ ကိုယ်ရေးရာဇဝင်အကျဉ်းနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-

(က)

လျှောက်လွှာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊ ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ်၊ မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်၊ ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်းနှင့်ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်များ အတွက် အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမားရုံးအမည်၊ ဆက်သွယ်ရန်လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ

(ခ )

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လက်မှတ်၊ ဘွဲ့နှင့်ဒီပလိုမာလက်မှတ်မိတ္တူ

(ဂ )

နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

(ဃ)

(၁)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံ

(င )

ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲမှတစ်ဆင့်လျှောက်ထားသည့် ကြိုတင်လျှောက်လွှာ မိတ္တူ(၁)စောင်

(စ )

ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ

(ဆ)

ဝန်ထမ်းမဟုတ်သူများအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်းကို သက်ဆိုင်ရာမြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း၊ သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့ထောက်ခံချက်မူရင်း (လွန်ခဲ့သော (၁) လအတွင်း)

၄။           လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၁၆)၊ နေပြည်တော်သို့လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနရုံးများ၊ ခရိုင်ဦးစီးဌာနရုံးများနှင့်ရက်ကန်းကျောင်းများသို့လည်းကောင်း (၃၁.၈.၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက်ထက်ကျော်လွန်သော/ စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၅။           လျှောက်ထားသူများမှ အရည်အချင်းပြည့်မီသူများအား ရေးဖြေ (မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်)နှင့် လူတွေ့စစ်ဆေးခြင်းကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ ရုံးချုပ်(နေပြည်တော်) ၊ ရုံးအမှတ်(၁၆)နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနရုံးများတွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုလိုသည့် တိုင်းဒေသကြီး/ပြည်နယ်အား လျှောက်လွှာတွင် ထင်ရှားစွာရေးသားဖော်ပြရန်နှင့် ဖြေဆိုမည့်နေ့ရက်အား ကြိုတင်အကြောင်းကြားသွားမည်ဖြစ်ပါသည်။

၆။           အသေးစိတ်သိရှိလိုပါက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)နေပြည်တော် ဖုန်း၊၀၆၇- ၃၄၁၀၀၅၀၊ ၀၆၇- ၃၄၁၀၃၉၇ နှင့် လျှောက်လွှာတင်ထားသည့် တိုင်းဒေသကြီး/ ပြည်နယ်ရှိ ရုံများသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။       

             

              အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm