Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Certificate in Entrepreneurship and Business Management (Batch III) ဖွင့်လှစ်မည်

17 Jul,2023

သန်လျင်  ဇူလိုင်   ၁၂

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံ သဘောတရားများကို သိရှိစေရန်၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချ နိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးစီမံခန့်ခွဲမှုပညာအသိမှတ်ပြုလက်မှတ်သင်တန်း Certificate in Entrepreneurship and Business Management (Batch I) ကို ၁၂-၅-၂၀၂၂ ရက်နေ့မှ ၁၂-၈-၂၀၂၂ ရက်နေ့အထိလည်းကောင်း၊ (Batch II) ကို ၁၅-၂-၂၀၂၃ ရက်နေ့မှ ၁၅-၅-၂၀၂၃ ရက်နေ့အထိ လည်းကောင်း Free Online Certificate Course အဖြစ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ ယခုဆက်လက်၍ Certificate in Entrepreneurship and Business Management (Batch III) ကို Free Online Certificate Course အဖြစ် ၅-၈-၂၀၂၃ ရက်နေ့မှ ၂၂-၁၀-၂၀၂၃ ရက်နေ့အထိ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ များတွင် နံနက် ၉:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပါ၍ သင်တန်း တက်ရောက်လိုသူများအနေဖြင့် https://forms.gle/xWXHcaHbynxYq3eZA Link မှတစ်ဆင့် Google Form တွင် ဖြည့်စွက်ပြီး ၃၁-၇-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm