Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

( ဒ ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်၊ စစ်ကိုင်း) ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တို့မှ သင်တန်းနှစ် အသီးသီးအား ဖွင့်လှစ်သင်ကြားလျက် ရှိရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၆၈၄)ဦးနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၃၇၃)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

               သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် (၁၂)နှစ် မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပပြုလုပ်ခဲ့ပြီး စာတမ်းရှင် (၁၄)ဦးမှ စာတမ်းများဖတ်ကြားခဲ့ပါသည်။

               သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် အမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၇-၁၂-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး စီးပွားရေးသိပ္ပံဘွဲ့ (၂၂၁) ဦး၊ ဘွဲ့လွန် ဒီပလိုမာ(၂)ဦး၊ မဟာဘွဲ့(၇)ဦးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုပညာဒီပလိုမာဘွဲ့ (၂၅)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၂၅၅) ဦးအား သက်ဆိုင်ရာဘွဲ့များ အပ်နှင်းပေးနိုင်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်