နေပြည်တော် နိုဝင်ဘာ ၂၀
ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးချုပ်၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာ ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ဝန်ကြီးဌာနအနေနဲ့ ကျေးလက်ပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတားလုပ်ငန်းများ ပိုမိုအောင်မြင်ရန်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာအားလုံး ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရေးအတွက် အလေးထားပြီး ဆောင်ရွက်ကြရန်၊ ကျေးလက်လမ်း၊ တံတားကွန်ယက်များ တိုးချဲ့ချိတ်ဆက်ပေး ခြင်းဖြင့် သွင်းအားစုများ လွယ်ကူလျင်မြန်စွာသယ်ပို့နိုင်ခြင်း၊ လယ်ယာသုံးစက်ကိရိယာများ အချိန်မီ သယ်ပို့နိုင်ခြင်း၊ ကျေးလက်တောင်သူများ၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ကျေးလက်သို့ တိုက်ရိုက် ချိတ်ဆက်ဝယ်ယူနိုင်ပြီး မြို့ပြဈေးကွက်သို့ သယ်ပို့နိုင်ခြင်းတို့ကြောင့် ကျေးလက် ပြည်သူများ ဝင်ငွေတိုးတက်ရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာများ အဆင်ပြေချောမွေ့ကာ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန်၊ လမ်းတံတားလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးကို အလေးထားဆောင်ရွက် ကြရန်၊ ကျေးလက်ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာ စေတနာထား ဆောင်ရွက်သွားကြရန်နှင့် ဈေးကွက်အရောက် လမ်းကွန်ယက်ချိတ်ဆက်နိုင်ရေး စီမံကိန်းရေးဆွဲရာတွင် အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပါသည်။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွင်း လမ်း၊ တံတားများ တည်ဆောက်ပေးနိုင်ခဲ့တဲ့အတွက် ဒေသခံပြည်သူများအား အကျိုးပြုစေနိုင်ခဲ့ပါကြောင်း၊ ကျေးလက် လမ်း၊ တံတားများ တည်ဆောက်ပြီးစီးသည့်အခါတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အသုံးပြု နိုင်ဖို့ မပျက်စီးစေရေးအတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များကို ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်း ဆောင်ရွက်ချက် အခြေအနေများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က တင်ပြ ချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များက ဦးစီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေး ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကြိုပမ်းဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်