ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက် မွေးဝမ်းကျောင်းပြုနိုင်စေရန်၊ သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမ ကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက် သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)များကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ထိ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅၂)ဦး တက်ရောက်သင်ကြားနိုင်ခဲ့ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မီ သဖြင့် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရရှိသည့် ကျောင်းသား/ ကျောင်းသူ (၃၀)ဦးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ သမဝါယမအသင်းစုချုပ်များ၊ သမဝါယမအသင်းစုများ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင်ရရှိသူ (၂၁၂)ဦးရှိပါသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းနှစ်အသီးသီး၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၂၈၀)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။