ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုး စေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုး မှုကို ဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာ များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးက၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုက၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးက၊ အသင်း အဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းက၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကစသည့်က (၆)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၈၅)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး အစီရင်ခံသည့်ကာလတွင် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၂၇၈) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီး လုပ်ငန်း(၆၂)ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း(၁၃၅)ခု၊ ဆောင်ရွက်ရန် ကျန် (၈၁)ခု ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။