Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (Village Development Project-VDP) အကောင်အထည်ဖော်ဆောင်ရွက်မှု

ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိအခြေအနေများကိုဖော်ထုတ်ပြီး စီမံချက် များရေးဆွဲ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ Annual Village Investment Programme- AVIP) ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ကျေးရွာ (၁)ရွာလျှင် ငွေကျပ် (၁၅) သန်းနှုန်းဖြင့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခုရှိ မြို့နယ် (၁၇၄)မြို့နယ်၊ ကျေးရွာ (၁၆၄၄)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အစီရင်ခံ သည့်ကာလတွင် ဖွံ့ဖြိုးရေးလုပ်ငန်း (၁၄၆၄) ခုအား ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီး (၄၈၇)ခု၊ ဆောင်ရွက်ဆဲ (၇၀၀)ခု၊ ဆောင်ရွက်ရန်ကျန် (၂၇၇) ခု၊ လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းမှာ (၃၈.၁၈%) ဖြစ်ပါ သည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm