စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား အစုအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး လာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန်နှင့် ဒေသ ထွက်ကုန်အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်းကို ကျေးရွာယူနစ် (၁)ယူနစ် လျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်သန်း (၃၀)ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တွင် ကျေးရွာယူနစ်(၆၀)ယူနစ် တိုးချဲ့ဆောင်ရွက်ရန်လျာထားခဲ့ပြီး အစီရင်ခံသည့်ကာလတွင် ကျေးရွာရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။