Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(တ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရှိရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တွင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၄၅၁)ဦးနှင့် သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၀၀)ဦး တက်ရောက်လျက် ရှိပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ စာမေးပွဲများကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ၁၈-၃-၂၀၂၄ မှ ၂၆-၃-၂၀၂၄ ထိ လည်းကောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင်  ၁၄-၃-၂၀၂၄ မှ ၂၅-၃-၂၀၂၄ ထိ လည်းကောင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ကျောင်းသား/ ကျောင်းသူများအား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန်၊ ရရှိသည့်ဘွဲ့နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်နိုင်ရန်နှင့် ကုမ္ပဏီ အဖွဲ့အစည်းများအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် (Human Rosource) များ ရရှိစေရန် ရည်ရွယ်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် CAREER FAIR 2024 ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ၆-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင်  Job Fair 2024 ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို  ၂၉-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း  အသီးသီးကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm