Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဍ) အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှု။

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်းကို ဒေသတစ်ခုထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး ဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက် ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်း စသည့်လုပ်ငန်း (၇)ခုဖြင့် ကျေးရွာ (၁)ရွာလျှင် ကျပ်(၁၀)သန်းနှင့် ညီမျှသောထောက်ပံ့ပစ္စည်းများပံ့ပိုး၍ လုပ်ငန်းထူထောင် ပေးမည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခု၊ ကျေးရွာ (၁၅၁)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း (၁၅၁)ခုကို (၁၀၀%) ဆောင်ရွက် ပြီးဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm