Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဌ) ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village Project) အကောင်အထည်ဖော် ဆောင်ရွက်မှု။

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး စေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးမှု ကိုဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကဏ္ဍ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ အသက်မွေးဝမ်းကျောင်း နှင့် ကျေးလက်စီးပွားမြင့်မားရေးကဏ္ဍ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းကဏ္ဍ၊ လူမှုကာကွယ်စောင့်ရှောက် ရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ စသည့်ကဏ္ဍ (၆)ရပ်ဖြင့် ဆောင်ရွက်ခဲ့ရာ  စီမံကိန်းစတင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၄၃)ရွာနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုးချဲ့ ဆောင်ရွက်သည့် ကျေးရွာ (၄၅)ရွာ၊ စုစုပေါင်းကျေးရွာ (၈၈)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း (၁၆၄၆)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး (၁၀၀%) ဆောင်ရွက်ပြီး ဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်