စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား အစုအဖွဲ့စနစ် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး လာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်နှင့် ဒေသထွက်ကုန် အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်းကို ကျေးရွာယူနစ် (၁)ယူနစ်လျှင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း (၃၀)ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာ ယူနစ် (၅၀)ယူနစ်၊ ကျေးရွာ (၅၄)ရွာ၌ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာများအတည်ပြု ရွေးချယ်ခြင်း၊ သက်မွေးအစုအဖွဲ့များ ဖွဲ့စည်းခြင်း၊ အဆိုပြုလွှာများ စိစစ်အတည်ပြုခြင်း၊ စာချုပ် ချုပ်ဆိုခြင်း၊ ရန်ပုံငွေလွှဲပြောင်းခြင်းစသည့် စီမံကိန်းလုပ်ငန်းစဉ် များအတိုင်း ဆောင်ရွက်ခဲ့ရာ အစီရင်ခံသည့်ကာလတွင် ကျေးရွာယူနစ် (၅၀) ယူနစ်၊ ကျေးရွာ (၅၄)ရွာအား ရန်ပုံငွေ လွှဲပြောင်းပြီးဖြစ်ပြီး လုပ်ငန်းများ (၁၀၀%) ဆောင်ရွက်ပြီး ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်