ဘားအံမြို့နယ် ဒုံသို့ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကွင်းဆင်းစစ်ဆေး
ဘားအံ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသထုတ်ကုန်များ ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ဒုံသို့ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဇန်နဝါရီလ ၁၂ ရက်နေ့နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)ဒေါ်ခင်ဇာဝင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ဘားအံခရိုင်မှ ဦးစီးအရာရှိ(နည်းပညာ)ဒေါ်နန်းအဲဖောင်အွာနှင့်မြို့နယ်မှတာဝန်ရှိသူများက ကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေ များကို ကြည့်ရှု့စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)က ကုန်ထုတ်လမ်းအား သတ်မှတ်ကာလအတွင်းအရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ဒုံသို့ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းသည် အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၃ ပေ ၉ လက်မ မြေ+ဂဝံလမ်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၁၆ ဒသမ ၄၂၇ သန်းဖြင့် သိန်းရတနာလှကုမ္ပဏီမှ ၂၀၂၄ ခုနှစ် ဇွန်လ ဒုတိယအပတ်က စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သဖြင့် အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါကကျေးရွာရှိ လယ်ဧက ၄၀၀ ကျော်မှ ထွက်ရှိလာမည့် ဒေသထွက်ကုန်များကို ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ သွယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ကျေးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်ထံကသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်