Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဖြတ်မြို့နယ် ဆွပ်ပန်း (ရှမ်း) ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


13 Jan,2025

မိုင်းဖြတ် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ရာသီမရွေးဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆွပ်ပန်း(ရှမ်း) ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ဇနနဝါရီ ၁၂  ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။         

                ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အမာလွင် ၊မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်  နှင့် ခရိုင် ၊မြို့နယ် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ဆွပ်ပန်း (ရှမ်း)ကျေးရွာ ကုန်ထုတ်လမ်း  ဖောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဒေါ်အမာလွင်က သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။      

                ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ် မိုင်းဖြတ်မြို့နယ်အတွင်း ဆွပ်ပန်း (ရှမ်း) ကျေးရွာ၌ အရှည် ၁ မိုင် ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မရှိ မြေသားလမ်းဖောက်လုပ်ခြင်း၊ Box Culvert ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၅၇ ဒသမ ၈  သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ယခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်၍ တာဝန်ယူ‌ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။         


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်