အောင်လံမြို့နယ်၊ အုတ်ချစ်ကုန်းကျေးရွာ၌ ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှုအား စစ်ဆေး
အောင်လံ ဇန်နဝါရီလ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သပြေပင် ကျေးရွာအုပ်စု၊ အုတ်ချစ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ၄၀၀ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှုကို ဇန်နဝါရီလ ၉ရက်နေ့ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် အင်ဂျင်နီဝန်ထမ်းများမှ ကျေးရွာလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင်များနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ပေးထားသည့် စီမံကိန်း လုပ်ငန်းများကို ပျက်စီးမှုမရှိစေရေးနှင့် ရေရှည်အသုံးပြုနိုင်ရေးဝိုင်းဝန်းကြိုးစားပေးကြရန် ဆွေးနွေးမှာကြားပါသည်။
အုတ်ချစ်ကုန်းကျေးရွာတွင် ကျေးရွာတွင်း အရှည်ပေ ၈၉၀၀၊ ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၏(၅၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၂၀သန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၇၆ဒသမ၁၇၂၄သန်း တို့ဖြင့် မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၊ အင်ဂျင်နီယာဝန်ထမ်းများ၏ ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် နိုဝင်ဘာလ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးရရှိရေးလုပ်ငန်းဆောင်ရွက်ပေးမှုကြောင့် အုတ်ချစ်ကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူ တို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုစနစ်များ၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓါတ်များ စသည့်တို့မှာ ယခင်က ထက်ဖွံ့ဖြိုးတိုးတက်လာကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်