Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့နယ်၌ ကျေးရွာနှစ်ရွာကို အကျိုးပြုမည့် မြေမဲလွှတ်ခဲ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းပြီးစီး


09 Jan,2025

ရပ်စောက် ဇန်နဝါရီ ၇

   ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် မြေမဲ-လွှတ်ခဲမြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

    ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ တောင်ကြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဟန်ကိုကိုစိုး တို့သည် မြေမဲ - လွှတ်ခဲလမ်း အရှည် တစ်မိုင် လေးဖာလုံ အကျယ်ပေ ၃၀ မြေသားလမ်းနှင့် ယင်း ပေ ၃၀ လမ်းပေါ်တွင် ကျောက်ရောမြေ၁၈ပေ၊ထုလေးလက်မ ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

   အဆိုပါ မြေမဲ-လွှတ်ခဲ မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၇၉ ဒသမ ၇ သန်းဖြင့် အေးပြည့်လျှံဝေကုမ္ပဏီက ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံးဆောင်ရွက်ပြီးစီးနေပြီဖြစ် ပြီဖြစ်၍ ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၀၁ အိမ်၊ လူဦးရေ ၁၃၅၇ ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်