Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) တွင်စာတမ်းဖတ်ကြားခြင်း


11 Jan,2025

သန်လျင် ဇန်နဝါရီ ၁၁
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိကျင်းပပြလုပ်သည့် ပညာရေးဝန်ကြီးဌာန၏ ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ သို့ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်) မှ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း၊ ဒေါ်ခင်အေးမာ (ပါမောက္ခ၊ ဌာနမှူး၊ သမဝါယမပညာဌာန)၊ ဒေါက်တာတင်တင်ခိုင်(ပါမောက္ခ၊ ဌာနမှူး၊ သတင်း အချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာန)၊ ဒေါက်တာသင်းသင်းယု (ပါမောက္ခ၊ ဌာနမှုး၊ ဘောဂဗေဒဌာန)နှင့် သုတေသနစာတမ်းရှင် ဒေါ်ခင်ဇာဝင်း (လက်ထောက် ကထိက၊ ဝါဏိဇ္ဇဗေဒဌာန) တို့တက်ရောက်ခဲ့ကြပါသည်။
အဆိုပါစာတမ်းဖတ်ပွဲကို parallel session (၇) ခုတွင် ကဏ္ဍ (၆)ခု ခွဲ၍ ကျင်းပခဲ့ရာ Teacher Education ကဏ္ဍ၊ Arts and Science ကဏ္ဍ၊ Ocean and Earth Sciences ကဏ္ဍ၊ MSME and TVET ကဏ္ဍ ၊ NLP and AI Technology ကဏ္ဍ နှင့် Young Scientists ကဏ္ဍများနှင့်သက်ဆိုင်သည့် သုတေသနစာတမ်းပေါင်း (၁၃၃) စောင်ကို ဖတ်ခဲ့ကြပါသည်။ ၎င်းစာတမ်းဖတ်ပွဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကိုယ်စားပြု အနေဖြင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၊ ဝါဏိဇ္ဇဗေဒဌာနမှ လက်ထောက်ကထိက ဒေါ်ခင်ဇာဝင်းသည် “ Effect of Financing on SME Growth in Thanlyin Township, Yangon” ခေါင်းစဉ်ဖြင့်  Parallel session (5)၊ MSME and TVET ကဏ္ဍ တွင် စာတမ်းပါဝင် ဖတ်ကြားခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်