Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားများ၏ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု


10 Jan,2025

ကျိုက်မရော ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ကျိုက်မရောမြို့မ မွေးမြူရေး နှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသားများ၏ အသားတိုးဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝက်မွေးမြူရေးခြံများသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး အသင်းအမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်သည်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့သည်။

အဆိုပါအသင်းလီမိတက်အနေဖြင့် အသင်းသား ၂၇ ဦးရှိပြီး အသားတိုးဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်ရန် မျိုးဝက်၊ အသားတိုးဝက်မျိုးနှင့်ဝက်သိုးကောင်ရေ ၃၆၇ အတွက် ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေကျပ် ၁၃၂.၃၅ သန်းကို ရယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်