Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ကျွဲတပ်ရွာမကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဆင်း


10 Jan,2025

ချောက်မြို့နယ် ကျွဲတပ်ရွာမကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဆင်း

***************************************************************************

ချောက်   ဇန်နဝါရီ   ၁၀

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျွဲတပ်ကျေးရွာအုပ်စု၊ ကျွဲတပ်ရွာမကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၉ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်က သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ခန်းစာများကို လက်တွေ့အသုံးချပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိနိုင် သည်အထိ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

          ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုရရှိသူများအား ပထမ၊ ဒုတိယ၊ တတိယဆုများ ပေးအပ်ပြီး သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ကာ သင်တန်းကာလ အတွင်း သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          အဆိုပါ သင်တန်းဆင်းပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှ သင်တန်းသူ ၂၅ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၁၁ရက်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၉ရက်ထိ တစ်လကြာ စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်