သရက် ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ချမ်းမြေ့ငွေကြေးသမဝါယမအသင်းစုလီမိတက် ၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ရွှေဘုံသာခန်းမ၌လည်းကောင်း၊ မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင် ရာအစည်းအဝေးကို နေ့လည်ပိုင်းတွင် မြို့နယ်သမဝါယမအသင်းစုခန်းမ၌လည်းကောင်း ကျင်းပပြု လုပ်ခဲ့သည်။
အစည်းအဝေးတွင် သဘာပတိအသင်းစုဥက္ကဋ္ဌများက အဖွင့်အမှာစကားပြောကြားပြီး တိုင်း ဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးစံကျော်ဝင်းတို့က လမ်းညွှန်အမှာစကားပြောကြားခဲ့ကြပြီး အသင်းစုများ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်