Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ နေကြာစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု


08 Jan,2025

သရက် ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရေဘွက်ကျေးရွာ ရေဘွက်စိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းက စိုက်ပျိုးထားသော ရေဆင်းစပ်မျိုး ၁ နေကြာ စိုက်ပျိုးထားရှိမှုအခြေအနေများ ကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်းနှင့် တာဝန်ရှိ သူများသည် ဇန်နဝါရီ ၆ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရေဘွက်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးကိုကိုကျော်က ရုရှားသဘာဝ ရွက်ဖြန်းမြေဩဇာသုံးစွဲပြီးနောက် နေကြာပင်များ ပိုမိုကြီးထွားဖြစ်ထွန်းလာမှုအား ရှင်းလင်းတင်ပြ ပြီး ဒုတိယညွှန်ကြားရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

သမဝါယမအသင်းသားပိုင်မြေဧက(၅၀၀)တွင် ရေဆင်းစပ်မျိုး ၁ နေကြာစိုက်ပျိုးထား ရှိပြီး ထွက်ရှိလာသောနေကြာများကို အောင်လံမြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်တွင် ကြိတ်ခွဲ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်