Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်တောင်ခြေလမ်း ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်


03 Jan,2025

ဘားအံ ဒီဇင်ဘာ ၂၇

            ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဘားအံမြို့နယ် လုမ္ဗိနီဥယျာဉ်အဝင် မုခ်ဦးမှ ဇွဲကပင်တောင်ခြေလမ်း ကတ္တရာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

         အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗဟုဇနဟိတဓရ ဓမ္မကထိက၊ ဘဒ္ဒန္တကဝိဓဇ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့နယ် လုမ္ဗိနီဥယျာဉ်အဝင်မုခ်ဦးမှ ဇွဲကပင် တောင်ခြေလမ်း ကတ္တရာကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းအားကြည့်ရှုကြသည်။

            အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်သည် ပြည်တွင်းပြည်ပမှ ဘုရားဖူးခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်ကြသည့် ဒေသတစ်ခုဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ဘက်ပေါင်းစုံကောင်းမွန်ပြည့်စုံမှုရှိစေရန်လိုကြောင်း အမှာစကားပြောကြားသည်။

            တော်ပုံကျေးရွာအုပ်စု လုမ္ဗိနီဥယျာဉ်အဝင်မုခ်ဦးမှ ဇွဲကပင်တောင်ခြေလမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၃၅ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ လမ်းအရှည် ၄ ဒသမ ၃ ဖာလုံအား ပေ ၂၀ အကျယ်လမ်းနှင့် နှစ်လမ်းသွား ၁၆ ပေအကျယ်ကို ဆောင်ရွက်ပြီးစီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်