မန္တလေး ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ကတ္တီပါကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာ ပြည်သူများထည့်ဝင်ငွေတို့ဖြင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို (၅-၁-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမရပူရခရိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပပအေးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကတ္တီပါကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
အဆိုပါ ကတ္တီပါကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၁၄၀ အကျယ် ၂ ပေ အမြင့် ၁၀ ပေရှိ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀ ၊ ကျေးရွာနေပြည်သူ ထည့်ငွေကျပ်သိန်း ၃၀ စုစုပေါင်းငွေကျပ်သိန်း ၁၈၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် အောက်တိုဘာလတတိယအပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ယခုအခါ ၇၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်