ညောင်ရွှေ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် မနောသုခစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်း၊ ရောင်နီဦးလယ်ယာနှင့်အထွေထွေသမဝါယမအသင်းနှင့် မြပုလဲစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတို့မှ ဆီနေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို ပြည်နယ်သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးက ဆီနေကြာစိုက်ပျိုးရာတွင် မြေသြဇာပိုးသတ်ဆေးသုံးစွဲမှု၊ မြေအမျိုးအစားပေါ်မူတည်၍ ရေရရှိရေးဆောင်ရွက်မှုနှင် နေကြာသီးနှံအထွက်နှုန်းတိုးမြှင့်စေရေး စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ထွက်ရှိလာသောနေကြာများအား မြို့နယ် သမဝါယမအသင်းစုပိုင်ဆီကြိတ်စက်ဖြင့် ကြိတ်ခွဲစေပြီး ဖြန့်ဖြူးရောင်းချသွားရန် ပြောကြားခဲ့ ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်