Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရင်းတိုက်ပင်ကျေးရွာ၌ ဂဝံမြေနီလမ်းသစ်ဖွင့်ပွဲ ကျင်းပ


28 Dec,2024

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရင်းတိုက်ပင်ကျေးရွာ၌ ကျေးရွာတွင်း ဂဝံမြေနီလမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိသည်။
 
ရှေးဦးစွာ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က ကျေးရွာတွင်း ဂဝံမြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
 
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ကြို့ပင်ကောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ရန်နိုင်စိုး၊ အတွင်းရေးမှူး ရဲမှူး ဝင်းသိန်း၊ ကြို့ပင်ကောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂဝံမြေနီလမ်းသစ်မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
 
အဆိုပါ ရင်းတိုက်ပင်ကျေးရွာ ကွန်ကရစ်လမ်းအရှည်ပေ ၂၅၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက် ဂဝံမြေနီခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေသိန်း ၁၅၀၊ ကျေးရွာနေပြည်သူထည့်ဝင်ငွေကျပ် ၃၉ သိန်း စုစုပေါင်းငွေကျပ် ၁၈၉ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်