တောင်ကြီး ဇန်နဝါရီ ၂
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် သံတဲကျေးရွာအုပ်စုပန့်ပုန်းကျေးရွာ ပန်းချယ်ရီစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းနှင့် ကုန်းမို့ကျေးရွာ ရွှေအားမာန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းများရှိ သမဝါယမအသင်းသားပိုင်လယ်ယာမြေများတွင် ရေဆင်းစပ်မျိုး ဆီနေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေများကို ပြည်နယ်သမဝါယမဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးက မြေအနေအထား၊ စိုက်ပျိုးထားရှိသည့်မျိုးနှင့် ရာသီဥတုအပေါ်မူတည်၍ သဘာဝမြေသြဇာ၊ ပိုးသတ်ဆေး နှင့် အသီးအရွက်အားဆေးများအား စနစ်တကျအသုံးပြုနိုင်ရေး စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ် ဆောင်ရွက်သွားကြရန်နှင့် ထွက်ရှိလာသောဆီနေကြာများအား သမဝါယမအသင်းစုပိုင်ဆီကြိတ်စက် များတွင် ကြိတ်ခွဲစေပြီး သမဝါယမအသင်းသားများနှင့်ပြည်သူများအားအရည်အသွေးပြည့်မီသော နေကြာဆီများဖြန့်ဖြူးရောင်းချနိုင်ရေးဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
တောင်ကြီးမြို့နယ်ရှိ သမဝါယမအသင်းသားပိုင်လယ်ယာမြေများတွင် ဆီနေကြာ ၁၇၀၀ ဧက ကျော်စိုက်ပျိုးထားရှိပြီး ထွက်ရှိလာသောနေကြာများအား သမဝါယမအသင်းအချင်းချင်းချိတ်စပ်၍ နေကြာဆီကြိတ်ခွဲရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်