Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆီနေကြာအထွက်တိုးကောင်းမွန်စေရေး အသိပညာပေးဟောပြော


02 Jan,2025

ပင်းတယ ဇန်နဝါရီ  ၂

          ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယမြို့နယ်သမဝါယမအသင်း သားတောင်သူများစိုက်ပျိုးထားသော ဆီနေကြာသီးနှံအထွက်တိုးကောင်းမွန်စေရေးပညာပေးဟောပြော ပွဲကို မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးဟန်ထွန်းအောင်က ဆီနေကြာပန်းတိုင်အထွက်နှုန်းမီစေရန် ရုရှားသဘာဝရွက်ဖြန်းမြေသြဇာအသုံးပြု မှုအဆင့်ဆင့်နှင့် ဖြန့်ဖြူးရောင်းချမည့်အစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လွင်လွင်မော်က နေကြာစိုက်ပျိုးမှုနှင့် ပက်သက်၍ မျိုး၊ မြေ၊ ရေ၊ မြေသြဇာအသုံးပြုမှုများအား ရှင်းလင်ပြသပြီးနောက် တက်ရောက်လာသော အသင်းသားတောင်သူများမှ သိလိုသည်များမေးမြန်းခြင်းကို ပြန်လည်ရှင်လင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါနေကြာသီးနှံအထွက်တ်ိုးကောင်းမွန်စေရေး ပညာပေးဟောပြောပွဲသို့ သမဝါယမဦးစီး ဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ပင်းတယမြိုနယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်း ၁၀ သင်းမှ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်