Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ ယခုဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင်ပေးလျက်ရှိ


02 Jan,2025

မကွေး ဒီဇင်ဘာ ၂၈

          မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် မကွေးမြို့နယ်အတွင်း ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

          မကွေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုခွင့်ပြုငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုငွေများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

         “ဒီဘဏ္ဍာနှစ်မှာဆိုရင် ပြည်ထောင်စုခွင့်ပြုငွေ ငွေကျပ် ၂၄၉ ဒသမ ၇၄၅ သန်းနဲ့ တိုင်းဒေသကြီးခွင့်ပြုငွေ ငွေကျပ် ၅၁၇ သန်း စုစုပေါင်းငွေကျပ် ၇၆၆ သန်းကျော်နဲ့ ကျေးလက်လမ်း ၁၂ လမ်း၊ ၁၂ မိုင် ၂ ဒသမ ၅ ဖာလုံ၊ ကွန်ကရစ်တံတားတစ်စင်း၊ ကွန်ကရစ် ရေကျော်သုံးစင်းနဲ့ Box Culvert ခြောက်စင်း တို့ကို အဆင့်မြှင့်တင်တည်ဆောက်ပေးနေပါတယ်” ဟု မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ထွန်းကျော်က ပြောသည်။

         ထိုသို့ ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၀ မှ ဒေသခံများ ရာသီမရွေးသွားလာရေး အဆင်ပြေချောမွေ့စေမည့်အပြင် အဆိုပါ ဒေသမှ စိုက်ပျိုးထွက်ရှိသော လယ်ယာထွက်ကုန်သီးနှံများကို ဈေးကွက်သို့ အချိန်မီ တင်ပို့နိုင်မည် ဖြစ်ကြောင်းသိရသည်။

ဆောင်းဦး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်